Preview

မြောက်ဦးမြို့သည် “သူရဲဘောကြောင်သူများ၏ဓားစာခံအဖြစ်သို့” ကျရောက်နေသည်ဟု AA စစ်ဦးစီးချုပ်ပြော

စက်တင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :9565
ရခိုင် သတင်း

နိရဥ္စရာ၊စက်တင်ဘာ ၄ / ၂၀၂၂

၇ခိုင်ပြည်နယ်မြောက်ဦးမြို့တွင်းကို ယနေ့ နံက် ဥ့်အချိန်ကစစ်ကောင်စီတပ်ကအကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "မြောက်ဦးမြို့သည် သူရဲဘောကြောင်သူတို့၏ ဓားစာခံအဖြစ်သို့ကျရောက်နေကြောင်း" ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နံနက် ၁၀ နာရီခွဲခန့်တွင် သူ၏ လူမှုကွန်ရက် တွစ်တာစာမျက်နှာတွင် ယင်းကဲ့သို့ရေးသားဖော်ပြလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ သူတို့၏ ကစားစရာစာအုပ်နှင့် လုပ်ငန်းဆောင်ရွက်သည့်အစီအစဉ်များ သူရဲဘောကြောင်စွာ ပေါက်ကွဲ ပွင့်အံထွက်လာနေပြီ။ မြောက်ဦးသည် လက်နက်မဲ့ အရပ်သားများကိုသာ တိုက်ခိုက်ရဲသောသူရဲဘောကြောင်သူများ၏ ဓားစာခံအဖြစ်သို့ကျရောက်နေပြီး ယခုပစ်ခတ်မှုကို တပ်မ ၅၅တပ်မမှူး၏ တိုက်ရိုက်အမိန့်ဖြင့် ဆောင်ရွက်သည်ဟု ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် ညဥ့် ၁နာရီခန့်က မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်သားအများအပြားသည် ကားသုံးစီးဖြင့် မြောက်ဦးမြို့ထဲကို ဝင်ရောက်လာပြီး ရခိုင်တမျိုးသားလုံးမြတ်နိုးတန်ဖိုးထားသည့် ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်းအပါအဝင်မြို့လယ်လူနေရပ်ကွက်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်းမြို့ခံများက ပြောသည်။

မိနစ် ၂၀ ကြာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီးနောက် ၄င်းတို့သည် ညတွင်းချင်း တပ်ရင်း၃ရရ တပ်ထဲသို့ ပြန်ဝင်သွားကြသည်ဟု သိ၇သည်။

ယနေ့နံနက် ၈နာရီကျော်ကလည်း ဟာသပို့စ်များတင်၍ မြောက်ဦးမြို့မှ နာမည်ကြီးလူသိများသည့်Facebook ဆယ်လီတစ်ဦးဖြစ်သည့်လူငယ် ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေကို စစ်ကောင်စီတပ်သား၂၀ ခန့်က နေအိမ်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်များကနိရဥ္စရာကို ပြောဆိုသည်။

မည်သည့်အတွက်ယခုကဲ့သို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိ၇သေးပေ။
ယခုကဲ့သို့ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်များကြောင့် လက်ရှိတွင်မြောက်ဦးမြို့မဈေးကို ပိတ်ထားပြီး ကျောင်းသားမိဘများ အနေဖြင့်လည်းစိတ်မချ၍ သားသမီးများကို ကျူရှင်မတက်ခိုင်းဘဲ အိမ်ထဲတွင် နေထိုင်ခိုင်းထားကြောင်း မြို့ခံများကပြောသည်။

လက်ရှိမြောက်ဦးမြို့အနှံ့မှာစစ်သားများသွားလာလှုပ်ရှားမှုများနေပြီး တောင်ကုန်းများနှင့်သမိုင်းဝင်ဘုရားပုထိုးရှိသည့် နေရာအနီးအနားများတွင်လည်းတပ်စခန်းငယ်များ အင်အားတိုးချထားကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောသည်။
သြဂုတ် ၂၈ရက်နေ့တွင်လည်း မြောက်ဦးမြို့တပ်ရင်းများမှ လူနေကျေးရွာများကို တမင်တကာ ရည်ရွယ်ပစ်ခတ်မှုကြောင့်(၅) နှစ်အရွယ်ကလေးငယ်အပါအဝင် (၃)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာဘုန်းတော်ကြီးကျောင်းနှင့် လူနေအဆောက်အအုံတချို့ပျက်စီးခဲ့၇သည်။


#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.