Preview

စစ်တွေတွင် မူဆလင်လူငယ်တစ်ဦး ဘုမေရွာရှိ (၃၆)ရဲတပ်ရင်းရှေ့၌ပစ်သတ်ခံရဟုဆို

စက်တင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :1266
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ၄/၂၀၂၂
ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာမှ မူဆလင်လူငယ်တစ်ဦးသည် ယနေ့နံနက်က ဘုမေရွာရှိစစ်တွေတက္ကသိုလ်နှင့် ကပ်လျက်ရှိသော အမှတ် (၃၆)ရဲတပ်ရင်းမှ ရဲသားတစ်ဦး၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံလိုက်၇သည် မျက်မြင်ဒေသခံဘုမေရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
ပစ်သတ်ခံရသည့်မူဆလင်လူငယ်မှာ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာမှ အသက် ၂၀ အရွယ်မောင်ဇော်မိရ်ဟူးဆောင်ဖြစ်ကြောင်း သိ၇သည်။
၎င်းနှင့်အတူ ဒါးပိုင်ကျေးရွာမှာမူဆလင်လူငယ်တစ်ဦးတို့သည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက် ၇ နာရီခန့်ကဒါးပိုင်ကျေးရွာမှ ဘုမေကျေးရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ်တွင် ဘုမေကျေးရွာရှိအမှတ်(၃၆) ရဲတပ်ရင်းမှ ၎င်းတို့ကို ခေါ်ယူကာ ကိုဗစ်အပြင်ထွက်ကတ်များကိုစစ်ဆေးခဲ့သဖြင့် ၎င်းတို့နှစ်ဦးမှာလည်းအဆိုပါကဒ်များကို ပြသခဲ့ကြောင်း သိ၇သည်။
ထို့နောက်တွင်ယင်းရဲတပ်ရင်းရှိ ရဲတစ်ဦးက ၎င်းတို့နှစ်ဦးအနက် ဆိုင်ကယ်မောင်းသူ မောင်ဇော်မိရ်ဟူးဆောင်ကို သေနတ်ဖြင့်  ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင်ဘုမေရွာသားတစ်ဦးက နိရဉ္စရာသို့ပြောသည်။
"သူတို့က စကားသေချာမပြောတတ်ဘူး။သူတို့ကတ်တွေပြခဲ့တယ်။ အဲဒီ နောက် ရဲကဘာလုပ်လဲဆိုတော့ဆိုင်ကယ်မောင်းတဲ့သူရဲ့ ပါးစပ်၀ထဲကို သေနတ်ထည့်ပြီး ဘာဖြစ်လဲမသိဘူး။ သတ်ပစ်လိုက်တယ်။တခါတည်း အဲဒီနားမှာဆုံးသွားပါပြီ။ ပါးစပ်ကိုသေနတ်နဲ့ ပစ်တယ်ဆိုတာကတော့ရိုင်းတဲ့လုပ်ရပ်ပါ" ဟုပြောသည်။
၎င်းနှင့်အတူပါလာသည့်အခြားမူဆလင်လူငယ်တစ်ဦးကိုလည်း ယင်းအမှတ် (၃၆)ရဲတပ်ရင်းထဲတွင်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံ၇သည့် မောင်ဇော်မိရ်ဟူးဆောင်အားယင်းရဲတပ်ရင်းမှ ရဲကားဖြင့် ဆေးရုံကြီးသို့ပို့ဆောင်ရန်ခေါ်ယူသွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။ 

အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်ပြီး မျက်မြင် အရပ်သားပြောဆိုသလိုပါးစပ်ကို သေနတ်နှင့် တည့်ပြီး ပစ်သတ်ခြင်းဟုတ်/မဟုတ်၊မည်သည့်အတွက်ကြောင့် ယခု သတ်ဖြတ်မှု ဖြစ်ပွားသည်ကို သိရှိလိုသဖြင့် စစ်တွေမြို့နယ်ရဲမှူးနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့်ယခုဖြစ်စဉ်နှင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အမှတ်(၃၆) ရဲတပ်ရင်းသည် မူဆလင်များအား ကိုဗစ်အပြင်ထွက်ကတ်များကိုအမြဲစစ်ဆေးလေ့ရှိသည်ဟုလည်း သိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.