နိ၇ဉ္စရာ၊ စတင်ဘာလ၄/၂၀၂၂
ယနေ့နံနက် အစောကြီး ညည့် ၁ နာရီ အချိန်ခန့်ကစစ်ကောင်စီတပ်မှ မြောက်ဦးမြို့ထဲကို ဝင်ရောက်ပစ်ခတ်မှုကြောင့် နေရာတချို့တွင် အပျက်အစီးများရှိခဲ့သော်လည်း အရပ်သားများကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု မြောက်ဦးဒေသခံများကပြောသည်။
၎င်းပစ်ခတ်မှုအတွင်း မြောက်ဦးမြို့ပေါ် တွင် လက်နက်ကြီးအမြောက် ၄လုံးခန့် ကျရောက်ခဲ့ကြောင်း၊ ၎င်းလက်နက်ကြီးများမှာ ဒိုင်းကျီကန်ဘောင်၊တောင်ဖြူ၊စည်
" ညည့်၁နာရီလောက်မှာ မြို့ထဲကို လက်နက်ကြီးကျည်ကျတာ ၄လုံးလောက်ရှိမယ်။အပျက်အစီး တွေကတော့စည်ပင်ရုံးမှာ နည်းနည်းပျက်စီးသွားတယ်လို့ကြား
မြောက်ဦးမြို့ မြို့မဈေးထဲတွင်လည်း လက်နက်ငယ်များကျရောက်ခဲ့ပြီး အပျက်အစီးကြီးကြီးမားမား မရှိဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“ မြောက်ဦးမြို့မဈေးထဲကို ညည့် ၁၂ နာရီကနေ ၁ နာရီ အတွင်း လက်နက်ငယ်ကျည်တွေ ကျတယ်လို့ သိ၇တယ်။ လူတွေ ကတော အထိအခိုက်မရှိပါဘူး။ သူတို့ပစ်တာက ၅၄၀တပ်ရင်း၊ ၃ရရတပ်ရင်း၊ ၃၇၈တပ်
ယနေ့နံနက်ကစပြီး မြောက်ဦးမြို့မဈေး၊ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ကန်လှရပ်ကွက်တို့တွင် စစ်တပ်ကနေရာယူထားကြပြီး၊လူသွားလူလာတွေကိုလည်း မှတ်ပုံတင်စစ်ဆေးနေကြသည်ဟု ၎င်းက ဆက်ပြောသည်။
" မြောက်ဦးမြို့မဈေးကိုဝိုင်းထားတဲ့ ပုံစံမျိုးနေရာယူထားတယ်။ ကုန်သည်လမ်းဆုံ၊ သင်္ဘောဆိပ်၊ ကန်လှ အဲ့ဒီဘက်တွေကိုနေရာယူထားကြတယ်။ လူသွားလူလာတွေကိုလည်းမှတ်ပုံတင် စစ်ဆေးနေကြတယ်။ အဲလို စစ်နေတယ်။ လမ်းသွား၊လမ်းလာဈေးရောင်းတဲ့သူ
ယနေ့နံနက် ညဉ့် ၁ နာရီခန့်က စစ်ကောင်စီတပ်သားအများအပြားသည်မြောက်ဦးမြို့ထဲကို ကားသုံးစီးဖြင့် ဝင်ရောက်လာပြီး နန်းရာကုန်းတံတိုင်းအပါအဝင် မြို့လယ်လူနေရပ်ကွက်များကိုအကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။ (NN-13)