Preview

မြန်မာသံအမတ်ကို ဘင်္ဂလာနိုင်ငံခြားရေးဝန်ကြီးဌာနက တတိယအကြိမ် ဆင့်ခေါ်ကန့်ကွက်

စက်တင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :10073
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ၄/၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့တွင် တတိယအကြိမ်ဆင့်ခေါ်ပြီး သူနိုင်ငံအတွင်း လေယာဉ်များဝင်ရောက်မှု၊ အမြောက်ကျည်ကျရောက်မှုတို့ အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ တနင်္ဂနွေနေ့တွင် င်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ယမန်နေ့ စက်တင်ဘာ ၃ ရက်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မြန်မာဘက်က အမြောက် ကျည်ဆန်များ ကျရောက်မှုအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း၊ တရားဝင်စာတစ်စောင်ကိုလည်း မြန်မာသံအမတ် အောင်ကျော်မိုးထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း Bangla Tribune က သတင်းဖော်ပြသည်။

မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက၁၅ ရက်အတွင်း သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏လက်အောက်တွင်ရှိသည့် မြန်မာနိုင်ငံ အရေးကို ကိုင်တွယ်သည့် မြန်မာိုင်ရာညွှန်ကြားရေးမှူးချုပ် MiaMainul Kabir က မြန်မာသံ အမတ်အား ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

၎င်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "သံအမတ်ကြီးကို ဒီမနက်က ဆင့်ခေါ်ပြီး တစ်နာရီခန့်အစည်းဝေးလုပ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကမကျေမနပ်ဖြစ်မှုကို အကြောင်းကြားခဲ့ပါတယ်ဟု ပြောသည်။  မြန်မာ သံအမတ်ကြီးကို ဒက္ကားရှိ နိုင်ငံတော်ဧည့်ရိပ်သာ Padma သို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်ကြောင်းသတင်းတွင် ဖော်ပြသည်။

 မနေ့က စနေနေ့တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်ဒရိုဘင်(ရွာတော်) ခရိုင်အတွင်း သို့ ဝင်ရောက်ပြီး တိုက်လေယာဉ်များနှင့် ၇ဟတ်ယာဉ်များမှ ပြင်းထန်သော တိုက်ခိုက်မှုများကို  ပြုလုပ်ခဲ့ကြောင်း၊  မြန်မာနယ်စပ်အနီးရှိ ခေါင်းတုံး ဧရိယာတွင် ယမန်နေ့ နံနက် ၉ နာရီ ၂၀ ခန့်တွင် မြန်မာ စစ်လေယာဉ်များနှင့် ၇ဟတ်ယာဉ်များမှကျည်များနှင့် သေနတ်များ ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးAK Abdul Momen က တစ်ပတ်အတွင်းမြန်မာလုံခြုံရေး တပ်ဖွဲ့တွေသည် (၂)ကြိမ်နယ်နိမိတ်ကို ချိုးဖောက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်နမိတ်ထဲကို  ဝင်ရောက်ခဲ့သည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့ နယ်စပ်ကို ပိတ်ပြီးပြီ။ မြန်မာဘက်က ဘယ်လောက်ပဲ ဆက်ပြီး နိုးဆွရန်စမှု ပြုလုပ်နေပါစေနယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်ကို ဘယ်သူကိုမှ ဝင်ခွင့်မပြုပါဘူးဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို မြန်မာဘက်မှ မည်သူမျှဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းသို့ မဝင်ရောက်နိုင်စေရန် သတိပေးထားကြောင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ အစောပိုင်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းနယ်၊ဘင်ဒရိုင်ဘင် (ရွာတော်ခရိုင်)  တ်ကျောက်ဆမြို့နယ်၊ တောင်ပြိုအနီးတွင် မော်တာကျည်နှစ် လုံး ကျရောက်သဖြင့် မြန်မာသံအမတ် အောင်ကျော်မိုးကို ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးဌာနကဆင့်ခေါ်ကန့်ကွက်ခဲ့သေးသည်။

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.