နိရဉ္စရာ၊ စက်တင်ဘာ ၅/၂၀၂၂
၇ခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာမှ စစ်ကောင်စီတပ်ကခေါ်ယူ သွားသည့် သက်အမျိုးသား ပြည်သူ့စစ် (၅) ဦးမှာ ၂ လနီးပါးကြာသည့်တိုင်အောင်အိမ်ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြကြောင်း သိရှိ၇သည်။
အဆိုပါ သက်အမျိုးသား (၅) ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်းဝေလာတောင်ကျေးရွာမှဖြစ်ပြီး မကြာသေးမီက ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲများတွင်ပြုလုပ်သည့်စစ်ဆင်ရေးတွင် ပါဝင်ရန် စစ်ကောင်စီတပ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ အခုမောင်တောမြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင်း စားသောက်ရေးကအစ အဘက်ဘက်က အခက်ကြုံနေရတဲ့အချိန်မှာ ရွာကလူတွေမှာလည်း တခြားမိသားစုဝင်တွေနဲ့လည်း အဆက်မ၇ ဖြစ်နေကြတယ်။ အိမ်က လူတွေကိုလည်း ခေါ်သွားတာ၂လနီးပါးကြာနေပြီဖြစ်ပေမဲ့ ြန်မရောက်တော့ မိသားစုတွေက စိုးရိမ် နေကြတာဖြစ်ပါတယ်” ဟု မောင်တောမြို့နယ်တွင်နေထိုင်သည့် သက်အမျိုးသားတစ်ယောက်က ပြောသည်။
ဝေလာတောင်ကျေးရွာတွင် အိမ်ခြေ ၁၃ ဆောင်ရှိသော်လည်း လက်ရှိလူနေထိုင်သည့်အိမ်မှာ၈ ဆောင်သာ ရှိပြီး စုစုပေါင်း လူ (၁၅) ဦးသာ နေထိုင်လျက်ရှိကြောင်း သက်အသံ လူမှုစာမျက်နှာတွင်ရေးသားထားသည်။
ဝေလာတောင်ရွာတွင် န၀တ၊ နအဖခေတ်ကတည်းက ပြည့်သူ့စစ်ကို အရန် ၁၉ ဦး အမာခံ ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ သော်လည်းအမာခံများထဲမှ သေဆုံးသူ ၄ ဦး၊ ပြောင်းရွှေ့သွားပြီး၆ ဦးရှိသဖြင့် လက်ရှိတွင် အရန်နှင့် အမာခံ ၅ ဦးကျန်နေရာ ၎င်း ၅ ဦးကို လွန်ခဲ့သော ၂ လကပင် စစ်တပ်ကခေါ်ဆောင် သွားသည်ဟု ဆိုသည်။
“ ပြည်သူ့စစ်ဆိုတာက ရပ်ရွာကိုကာကွယ်ဖို့ ဖွဲ့ထားတာလို့ဘဲ နားလည်တယ်။ သူတို့မှာသင်တန်းဆိုတာ လည်း ဘာမှမရှိဘူး။ လက်နက်လည်းမရှိဘူး။ ဒီလို စစ်ဆင်ရေးတွေကိုခေါ်သွားတာက အတော့်ကို အန္တရာယ်များတယ်။ ဒီလောက်ကြာ အောင်အထိ အိမ်ပြန်မရောက်ဆိုတော့သူ့တို့အတွက် မတွေးရဲစရာဖြစ်တယ်” ဟုလည်း အဆိုပါ သက်အမျိုး သားက ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ စစ်ကောင်စီလူကြီးများကို စစ်ဆင်ရေးတွင် လိုက်ပါသွားရသည့် ဝေလာတောင်ရွာမှပြည်သူ့စစ် ၅ ဦးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ နှင့် ပြည်သူ့စစ်များကိုစစ်ဆင်ရေးများတွင် အသုံးမပြုရန်လည်း တောင်းဆိုထားကြောင်း သိရှိ၇သည်။
ဓာတ်ပုံ- ဝေလာတောင်ကျေးရွာကိုတွေ့မြင်၇စဉ် (သက်အသံ)