ဩဂုတ် ၁၃ ရက်နေ့ကဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာအနီးရှိ မေယုတောင်တန်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲ၌အကျအဆုံးအများအပြားနှင့် ရင်ဆိုင်ရပြီးနောက် စစ်ကောင်စီသည် အငြိုးအတေးထားကာ ၎င်းဒေသအတွင်းရှိကျေးရွာများအား ပိတ်ဆို့ထားသဖြင့် ပြည်သူများမှာ ရိက္ခာပြတ်၊အဆက်သွယ်ပြတ်ဖြစ်နေကြ၇သည်ဟု ဒေသခံများက ပြောဆိုသည်။
ကျေးရွာသားများကို ဆန်အအပါအဝင် ရိက္ခာများသယ်ယူပို့ဆောင်ခြင်းကိုတားမြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်ခြင်းတို့ကို ဩဂုတ် ၁၄ ရက်နေ့ကတည်းကယနေ့ စက်တင်ဘာ ၅ ရက်နေ့အထိ ရက်ပေါင်း ၂၀ကျော် ပြုလုပ်ထား၍ မေယုကမ်းရှိကျေးရွာတိုင်းလိုလိုတွင် စားဝတ်နေရေး အခက်အခဲဖြစ်နေကြ၇သည်ဟု ဒေသခံများက ပြောကြားသည်။
“ ရေချမ်းပြင် (စစ်တွေ) ကနေ အငူမော်ကို ကူးတို့လှေတွေ ဖြတ်သန်းသွားလာခွင့်ကိုပိတ်ထားတယ်။ ပီးရင် အငူမော်ကနေ မောင်တောကားလမ်းကို သွားလာခွင့်မပြုဘူး ပိတ်ထားတယ်။ဒီတော့ ကျွန်တော်တို့ ဒေသက လူတွေ ရိက္ခာတွေပြတ်လပ်နေတယ်။ ဘယ်မှ သွားဝယ်လို့ မရဘူး။အခု ရွာတော်တော်များမှာ ရိက္ခာပြတ်နေကြတယ်”ဟုဒေသခံတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ ဖြတ်တောက်ခံရသဖြင့် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းရှိဆင်ပိုက်၊ ဒုံးပိုက်၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ အောင်ဗလ၊ အငူမော် စသည့် ကျေးရွာများတွင်ရိက္ခာများ ပြတ်လပ်ကာ အခက်အခဲဖြစ်နေကြ၇သည်ဟု ဆိုသည်။
အငူမော် ကျေးရွာမှ ကိုမောင်တင်ဝင်းက "အခက်အခဲကပြောရရင် အများကြီးပဲ။ဘာမှလုပ်လို့မ၇ဘူး။ ကားဆွဲတဲ့သူတွေလည်း ကားဆွဲလို့ မ၇ဘူး။ ငါးရှာ။ဟင်းခူးတဲ့သူတွေလည်း ငါးရှာဟင်းခူးမ၇ဘူး။ စီးပွားရေးကလည်းဘာမှလုပ်လို့မရဘူး။စားရေးသောက်ရေးကအစ တစ်ချို့ဆိုရင် ဆန်မရှိဘူး။ တစ်ယောက်ဆီကတစ်ယောက်ချေးငှား နေရတယ်။ ကျန်းမာရေး ကိစ္စကတော့ ပိုဆိုးတာပေါ့။ဘယ်မှသွားလာခွင့်မရှိတော့ သီးခြား ကမ္ဘာတစ်ခုမှာနေထိုင်နေ၇သလို ခက်ခဲပြတ်လပ်ပြီး အဆက်ပြတ်နေတယ်" ဟု ပြောသည်။
အငူမော်- မောင်တောကားလမ်းသည် အဆိုပါ ဒေသတွင် အရေးပါသော ကားလမ်းတစ်ခုဖြစ်ပြီး အများပြည်သူများမှာ၎င်းကားလမ်းကို မီခိုကာ လုပ်ကိုင်စားသောက်ကြ၇သည်။
တစ်ခြားဒေသခံဆိုင်ပိုင်ရှင်တစ်ဦးက “ တချို့ဆိုရင်ရေချမ်းပြင်နဲ့ အငူမော်ကို ပြေးဆွဲဖို့ ကူးတို့စက်လှေထောင်တယ်။ လူငယ်တွေက အဲဒီစက်လှေတွေမှာလုပ်ကြတယ်။ အမျိုးသား အမျိုးသမီးတွေက ကုန်တင်ကုန်ချတွေလုပ်ကြတယ်။ တချို့ဆိုရင်ကားထောင်တယ်။ မောင်တော၊ ဘူးသီးတောင်မြို့အထိပြေးဆွဲတယ်။ ဒီဘက်မှာဆိုရင်လည်း စေတီပြင်ထိ ပြေးဆွဲကြတယ်။ အကုန်လုံး စီးပွားရေး အဆင်ပြေကြတယ်။ခုတော့ လူတွေရဲ့ အသက်သွေးကြောတမျှအရေးပါတဲ့ ဒီစီးပွားရေး လမ်းမကြီးကို သွားလာခွင့်မရှိပိတ်ထားတယ်" ဟု ၎င်းက ပြောသည်။
ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်နှင့်အေအေတို့ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး မည်သို့မျှ ပါဝင်ပတ်သက်မှု မရှိဘဲ သာမာန်အရပ်သားပြည်သူများသာဖြစ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေသည့် အစိုးရတစ်ရပ်အနေနှင့် မိမိပြည်သူများကိုအငတ်ဘေးကျရောက်အောင် ကြံစည်ဆောင်ရွက်မှု မပြုလုပ်သင့်ဟု ပြောဆိုသည်။
လက်ရှိစစ်ကောင်စီအဖွဲ့နှင့် ပြည်နယ်စစ်ကောင်စီ တွင် ပါဝင်သည့် ၇ခိုင်လူမျိုးခေါင်းဆောင်များ အနေဖြင့် ဒေသအတွင်း ပြည်သူများအခက်အခဲကျရောက်နေသည်ကိုတာ၀န်ယူမှု၊တာဝန်ခံမှု အပြည့်ဖြင့်ဝင်ရောက် ဖြေရှင်းပေးစေလိုသည်ဟု ဒေသခံများကပြောသည်။
"ဒီဘက်ကအစကနေ မယူကမ်းဒေသလို စားဝတ်နေရေးမဖုံလုံဘူး။ အခုကအကုန်လုံး ဆန်ပြတ် နေကြတယ်။ လက်ရှိ စစ်ကောင်စီအဖွဲ့မှာ ပါနေတဲ့ ရခိုင်လူမျိုး ခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်နဲ့ ဒီပြဿနာအပေါ် ဖြေရှင်းပေးစေလိုပါတယ်” ဟု၎င်းက ပြောဆိုသည်။
မောင်တောမြို့နယ်တောင်ပိုင်း ကျေးရွာများတွင်လည်း ဆန်အပါအဝင် မီးဖိုချောင်သုံး ပစ္စည်းများ သယ်ယူခွင့်ကိုစစ်တပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟု ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။
“ ဘယ်သူကမှ ပြည်သူတွေအတွက် တာဝန်ယူမှု။ တာဝန်ခံမှုတွေမရှိဘူး။သွားလာမယ်ဆို ခွင့်တောင်းပါတဲ့။ အဲ့ဒါကလည်း ရဲစခန်းကပြောတာ။ သွားရင် မ၇ဘူး။ စစ်တပ်က သွားလို့ပြောတာလည်း မဟုတ်တော့ သွားလာခွင့်မ၇ဘူး" ဟု မောင်တောမြို့နယ်တောင်ပိုင်း၊ ကျောက်ပန်းတူ ရွာသားတစ်ဦးကပြောသည်။
မောင်တောမြို့နယ်နှင့်၇သေ့တောင်မြို့နယ်တို့တွင် သြဂုတ်လ ၁၃ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က ၃၁ ဦးကျဆုံးကာ လက်နက်အများအပြားကို အေအေက သိမ်းယူသွားပြီးနောက် မောင်တော-အငူမော်ကားလမ်းနှင့် အငူမော်-စစ်တွေ(ရေချမ်းပြင်)ရေကြောင်းလမ်းတို့ကိုသြဂုတ်လ ၁၄ ရက်မှစတင်ကာ စစ်တပ်က ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားလိုက်ခြင်းဖြစ်သည်။(NN-12)