Preview

မြောက်ဦးတွင် ပေါက်ကွဲသံကြားရ၍ ပြည်သူများထိတ်လန့်

စက်တင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :3648
ရခိုင် သတင်း

နိရဉ္စရာ၊စက်တင်ဘာ ၆/၂၀၂၂

၇ခိုင်ပြည်နယ်၊ ရှေးဟောင်းမြို့တော်မြောက်ဦးထဲတွင် ယနေ့ နံနက်က ပေါက်ကွဲသံကြီး တစ်ချက်ကြား၇၍ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့၇ကြောင်း မြောက်ဦးဒေသခံများကပြောသည်။

ယနေ့ စက်တင်ဘာလ၆ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ၎င်းပေါက်ကွဲသံကို ကြားခဲ့၇သည်ဟုဒေသခံတစ်ဦးကပြောသည်။

"ပုံမှန်ဆိုရင်တော့ မကြာခဏလည်းလက်နက်ကြီးသံတွေကြား၇တော့ အဲ့ဒီလောက်မဟုတ်ဘူး။ အခုက မြောက်ဦးမှာစစ်တပ်ရေးလှုပ်ရှားမှုတွေက ရှိနေပြီး အကုန်သတိထားနေကြ၇ချိန်ဆိုတော့ ပစ်ခတ် သံကြားရင်ကို ဘယ်နေရာမှာ၊ ဘာဖြစ်တာလဲပေါ့။ခုလို ပေါက်ကွဲသံကို ကြား၇တော့ အရင်ထက်ပိုပြီးစိုးရိမ်၊ ထိတ်လန့်မှုက ဖြစ်မိတာအမှန်ပဲ" ဟု ပြောသည်။

လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမသိ၇သေးသော်လည်း  ပေါက်ကွဲသံမှာ  နန်းရာကုန်းအရှေ့ဖက် ဆေးရုံဟောင်းအနီးက ကြား၇သည်ဟုတစ်ခြားဒေသခံ တစ်ဦးက ပြောဆိုသည်။

 မိုင်းဖောက်တာလား၊ လက်နက်ကြီးပစ်တာလား။ မသိဘူး။ စစ်တပ်ကတော့ တမင် မြောက်ဦးမြို့ကိုဆူပူအောင်လုပ်တောပါ။ အလကားဘာမှမဟုတ်ဘဲ လက်နက်ကြီးတွေ၊မိုင်းသံတွေ ပေးလိုက်၊ စစ်သားတွေက မြို့ထဲမှာ လက်နက်တွေကိုင်ပြီးသွားပြလိုက်နဲ့ တမင် ဆူပူအောင်လုပ်နေတာပါ" ဟု ၎င်းကပြောဆိုသည်။

စက်တင်ဘာ(၄) ရက်နေ့ နံနက်အာရုဏ် ၁ နာရီအချိန်တွင် စစ်ကား (၃) စီးနှင့် အကြောင်းမဲ့ မြို့ထဲသို့ ဝင်ရောက်ပစ်ခတ်ပြီး ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်းများကိုပစ်ခတ်ခြင်း၊ မြို့လယ်လူနေရပ်ကွက်ထဲကို တမင်တကာယမ်းသန်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး မြောက်ဦးမြို့ ဒေသခံတစ်ဦးကို စစ်ကောင်စီက နံနက် (၈)နာရီခန့်တွင် နေအိမ်မှ ဖမ်းဆီးသွားခဲ့ကာ လက်ရှိအချိန်ထိလွတ်မြောက်လာခြင်းမရှိသေးဟု သိ၇သည်။

စက်တင်ဘာ(၅) ရက်နေ့ကလည်း မြောက်ဦးမြို့မဈေးထဲတွင် စစ်သားများက မိုင်းရှင်းလင်းမည် ဟုဆိုကာဈေးဆိုင်တချို့ကိုပိတ်ခိုင်းပြီး ကုန်ပစ္စည်းများကိုနေရာရွှေ့ပြောင်းခိုင်းမှုများရှိခဲ့သည်။ 

လက်ရှိမှာလည်းစစ်ကောင်စီတပ်သားများ ဈေးထဲတွင် ကင်းချထားဆဲဖြစ်ကြောင်း နောက်ထပ် မြောက်ဦး ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ 

"သူတို့ဈေးအပြင်မှာလည်းရှိပါတယ်။ ကင်းတွေချထားတယ်။မနေ့ကတော့ ခဏပြန်တယ်။ ပြီးတော့ ပြန်လာကြပါတယ်။ ဈေးသူဈေးသားတွေရော၊မြို့ခံတွေရော အခုချိန်မှာတော့ အကုန်စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။ 

မြောက်ဦးမြို့အခြေအနေနှင့် ပတ်သက်ပြီးရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကလည်း စစ်ကောင်စီသည် စက်တင်ဘာလ (၄) ရက်နေ့ညမှစ၍ မြောက်ဦးဈေးအား မီးရှို့ရန်ကြံစည်သည့် လုပ်ရပ်များကို လုပ်ဆောင်ရန်ကြိုးစားခဲ့သည် ဟူသော သံသယဖြစ်ဖွယ်လုပ်ရပ်များကို တွေ့ရှိခဲ့ရပြီးမြောက်ဦးဈေးကိုမီးရှို့မည့် မရိုးသားသော အကြံအစည်မျိုးဖြစ်ကြောင်းနှင့်မြောက်ဦး ဈေးအား မီးရှို့မည့်အကြံအစည်များ အထမမြောက်ရအောင်စောင့်ကြည့် မှတ်တမ်းတင်ထားကြရန် ယမန်နေ့က ထုတ်ပြန်ထားသည်။ 

ရက္ခိုင့်တပ်တော်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်ကြိုးစားနေသည့် မြောက်ဦးမြို့ နှင့် မြို့ပတ်ဝန်းကျင်ရှိရှေးဟောင်းသမိုင်းဝင်အမွေအနှစ်နေရာများကို အထူးအလေးဂရုပြုရှောင်ကြဉ်သော်လည်း စစ်ကောင်စီ၏ မြန်မာစစ်တပ်သည် တိုက်ပွဲအတုများဖန်တီးကာမြို့အတွင်း လူနေအိမ်များသမိုင်းဝင် စေတီပုထိုးများကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ရှိရာနေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သောဖြစ်ရပ်များ အကြိမ်ကြိမ်ရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာ ရေးသားထားသည်။ (NN-7)

(ဓာတ်ပုံ-  မြောက်ဦးမြို့ထဲကို ယမန်နေ့ ညနေ့က တွေ့၇စဉ်/ မူရင်းရိုက်သူကို Credit ပေးပါသည်။)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.