Preview

မြောက်ဦးက ရင်ဆို့(ခ)ကိုကျော်ဇံဝေကိုဖမ်းဆီးရခြင်းမှာနိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန်ရည်ရွယ်ပြုလုပ်၍ ဖမ်းဆီးရခြင်းဟု စစ်ကောင်စီသတင်းစာများတွင်ဖော်ပြ

စက်တင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :2068
ရခိုင် သတင်း

နိရဉ္စရာ၊စက်တင်ဘာ ၆/၂၀၂၂

 

၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှဖေ့စ်ဘုတ်ဆယ်လီ ရင်ဆို့ (ခ) ကိုကျော်ဇံဝေကိုဖမ်းဆီး၇ခြင်းမှာ နိုင်ငံတော်အေးချမ်းသာယာရေးကိုပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးခဲ့၇ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့စက်တင်ဘာ ၆ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားသည်။

 

ယင်းသို့ထုတ်ပြန်ရာ၌ မြောက်ဦးမြို့တောင်ရပ် ရပ်ကွက်နေ ဖိုးလပြည့်(ခ)ကျော်ဇံဝေသည် ၎င်းအသုံးပြုသည့် KyawZan Wai ဖေ့စ်ဘုတ်အကောင့်မှနေ၍ နိုင်ငံတော်အေးချမ်းသာယာရေးကိုပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပေဒနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်ဟု ပါရှိသည်။

 

ကိုကျော်ဇံဝေကိုမူ မြောက်ဦးမြို့၊တောင်ရပ်ရပ်ကွက် သူ၏ နေအိမ်မှ စစ်သားနှင့်ရဲ့အင်အား ၂၀ ခန့်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးလက်ရှိ ရဲလက်ကို မအပ်ဘဲမြောက်ဦးအခြေစိုက်တပ်ရင်း (၃ရ၇) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိ၇သည်။

 

ကိုကျော်ဇံဝေ(ခ)ရင်ဆို့သည် သူ၏Facebook လူမှုကွန်ရက်စာမျက်နှာတွင်ဟာသများနှင့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများကိုမျှဝေလေ့ရှိသူဖြစ်သည်။

 

မကြာသေးခင်ကလည်းExodus အမည်ရှိတေးသီချင်းတစ်ပုဒ်ကိုလည်းသီဆိုထားပြီး ၎င်း၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင်ဖြန့်ချိထားခဲ့ကြောင်း သိ၇သည်။

 

ထိုထုတ်ပြန်ကြေညာထားသည့်အထဲတွင် "အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသောCRP NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီးအစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်" ဟုရေးသားထားသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.