နိရဥ္စရာ၊ စတင်ဘာ၇/၂၀၂၂
၇ခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ်တွင် ထပ်တိုးလာသည့် စစ်ဘေးရှောင်များအထဲမှ ကျောင်းသား/သူ ၅၆ ဦးမှာ ကျောင်းပညာသင်ယူရေးအတွက် ခက်ခဲနေ၍ အကူအညီများလိုအပ်နေသည်ဟု ကျောင်းသားမိဖများက ပြောသည်။
၇သေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် ထပ်တိုးစစ်ဘေးရှောင် အိမ်ထောင်စု ၁၅၈ စု၊ လူဦးရေ ၅၅၇ ဦးရှိပြီး ၎င်းတို့အနက် ကျောင်းသား/ကျောင်းသူ၅၆ ဦးမှာ ကျောင်းဆက်တက်ရန်အခက်အခဲ ဖြစ်နေရဟုသိ၇သည်။
လက်ရှိ ကျောင်းသားများတွင် တိုက်ပွဲများကြားကရုတ်တရက် ထွက်ပြေးလာကြသဖြင့် ကျောင်းထွက်လက်မှတ်လည်း ရယူရန်မလွယ်သလို စာအုပ်စာတန်းနှင့်ကျောင်းသုံးကရိယာများလည်း အတူ ပါမလာ၍ ကျောင်းအပ်ပြီး ပညာသင်ကြားရေးမှာ အခက်အခဲဖြစ်နေကြ၇သည်ဟု၇ေမျက်ကျေးရွာမှထွက်ပြေးလာပြီး စေတီပြင်ရွာတွင် ယာယီခိုလှုံနေသည့် ကျောင်းသားမိဖတစ်ယောက်က ပြောသည်။
" ရွာမှာသေနတ်တွေပစ်၊လက်နက်ကြီးတွေပစ်နေကြတော ပြေးလာ၇တာပေါ့။ ကလေးတွေမှာ ကျောင်းထွက်လက်မှတ်၊ စာအုပ်စာတန်းဘာမှပါမလာကြဘူး။ အခုသူတို့က စေတီပြင် အထကမှာ ကျောင်းတက်ချင်နေကြပါတယ်။ ကျောင်းမတက်၇ရင် ကလေးတွေအတွက် ပညာရေးနစ်နာတာပေါ့။ကယ်ဆယ်ရေးကို ရောက်လာတဲ့ ကျောင်းသားတွေကို စာသင်ခွင့်၇ဖို့ အကူအညီပေးကြဖို့ တောင်းဆိုချင်ပါတယ် "ဟုပြောသည်။
၎င်းကလေးငယ်များမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းတိုက်နယ်ရှိ သမီးလှ (သစ်/ဟောင်း)၊ ရက်ခုန်တိုင်(ကုန်တန်း)၊ကုလားချောင်း၊ ပြိန်းတော၊ရေမျက်၊ ညောင်ပင်လှ စသည့် ကျေးရွာများမှဖြစ်ကြပြီး လက်ရှိ စေတီပြင်ကျေးရွာ အပါအဝင် အနီးအနားရှိကျေးရွာများတွင် ခိုလှုံနေကြသည်ဟု သိ၇သည်။
ယခုကိစ္စနှင့် ပတ်သတ်ပြီး ကျောင်းဝင်ခွင့်ရရေးနှင့် ပညာဆက်လက် သင်ကြားနိုင်ရေးတို့အတွက် ၇သေ့တောင်မြို့နယ်ပညာရေးမှူးကိုဖုန်းဖြင့် ဆက်သွယ်မေမြန်းရာ ၎င်းမှာနေပြည်တော်သို့စက်တင်ဘာ ၁ ရက်နေ့ကတည်းက ရောက်ရှိနေကြောင်းပြောဆိုပြီး လောလောဆယ် တစ်စုံတစ်ရာ ဖြေကြားမှု မရှိခဲ့ပါ။
ထပ်တိုးစစ်ဘေးရှောင်များအနေဖြင့် လတ်တလောထွက်ပြေးလာသည့်အတွက်ကြောင့် စေတီပြင် ဘုန်းကြီးကျောင်းနှင့် ရွာထဲရှိဆွေမျိုးအိမ်များတွင် ကပ်ခိုနေထိုင်ကြ၇ပြီး စေတီပြင်ရွာဦးတောင်ဘက်ဒုက္ခသည်စင်တာတွင်အိမ်ထောင်စု ၅၀ ခိုလှုံနေထိုင်ကြသည်ဟု သိ၇သည်။
၇သေ့တောင်မြို့နယ် မြောက်ပိုင်းကျောက်တန်းတိုက်နယ်အတွင်းရှိ မညင်းတောင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့်မြန်မာ့စစ်ကောင်စီ တပ်တို့အကြား ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက် ည ၆နာရီခွဲခန့်က တိုက်ပွဲတစ်နာရီခန့် ဖြစ်ပွားခဲ့သည်။ နောက်တစ်နေ့ ဩဂုတ် ၃၁ရက် နံနက်အချိန်တွင်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိ၇သည်။
လွန်ခဲ့သည့်လ သြဂုတ် ၁၃ ရက်၊ နံနက်ပိုင်းက ရသေ့တောင်မြို့နယ်ဒုံးပိုက်ကျေးရွာအနီး မေယုတောင်တန်းတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးအနားရှိကျေးရွာများမှ ဒေသခံအမျိုးသမီးများ၊သက်ကြီးပိုင်းများနှင့် ကလေးသူငယ် စုစုပေါင်း ၆၀၀ကျော်ခန့်မှာလည်းမေယုတောင်ကိုကျော်ပြီး သံချောင်း၊အောင်ဆိပ်လောင်းချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကျည်းတပင်၊ မင်းဖူး၊ ဇီးကုန်တန်း၊သရက်ချောင်းအစရှိသည့် ကျေးရွာများဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ၇သည်။ (NN-13)