Preview

၇ခိုင်နှင့်ချင်းပြည်နယ်ပလက်၀တွင် ဖြစ်ပွားနေသောတိုက်ပွဲများအကြား အိုးအိမ်စွန့်ခွာထွက်ပြေး၇သူ ၉၆၀၀ခန့်ရှိကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်

စက်တင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :5590
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၇/၂၀၂၂

ဇွန်လမှစတင်၍  ၇ခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြားဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အိုးအိမ်များကိုစွန့်ခွာ ထွက်ပြေးလာရသူ စစ်ဘေးရှောင် ၉၆၀၀နီးပါးရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က စက်တင်ဘာ ၅ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။

တိုက်ပွဲမှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ၇သေ့တောင်၊ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင်တိုက်ပွဲအများစုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

စက်တင်ဘာ၅ ရက်အထိ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းနှင့်  ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေး၇သူ စုစုပေါင်း ၉,၆၀၀ နီးပါးရှိခဲ့ပြီး ယခင် လူများနှင့် ဆိုလျှင် စုစုပေါင်း စစ်ဘေးရှောင် ၈၄,၀၀၀ နီးပါးအထိရှိလာခဲ့ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိ၇သည်ဟု ဆိုသည်။

အေအေနှင့် စစ်ကောင်စီကြားစစ်ရေး တင်းမာမှုများမြင့်တက်လာခြင်းကြောင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင်မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ယခုလို ထွက်ပြေးလာကြခြင်းဖြစ်ကြောင်းဖော်ပြသည်။

အေအေနှင့် စစ်ကောင်စီတို့  ၂၀၂၀ ခုနှစ်နိုဝင်ဘာလကတည်းက စတင်ခဲ့သော ယာယီအပစ်အခတ် ရပ်စဲရေးအပြီးတွင်ပြန်လည်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်သည်။

 အဓိကကျသောလမ်းများနှင့်ရေလမ်းများကို ပိတ်ဆို့ထားပြီး အရပ်သားများ၏ သွားလာမှုကိုကန့်သတ်ထားကာ လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ မရောက်ရှိစေရန်တားဆီးထားသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပြည်တွင်းနှင့်နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများသည် ဝင်ရောက်ခွင့်ခွင့်ပြုထားသည့်ဒုက္ခရောက်နေသူများကို အရေးပေါ်အကူအညီများ ပံ့ပိုးပေးနေကြသော်လည်းနေရာအများအပြားတွင် လက်လှမ်းမမီနိုင်သေးဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးသူများသည် ဘေးဒဏ်သင့်ဒေသများသို့ အတားအဆီးမဲ့ဝင်ရောက်ခွင့်နှင့်ဗျူရိုကရေစီ အဟန့်အတားများကို ဖယ်ရှားပေးရန်လိုအပ်ပြီး လိုအပ်နေသူများကို အချိန်မီအသက်ကယ်ထောက်ပံ့မှုများ ပေးအပ်နိုင်ရန် လိုအပ်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.