Preview

စစ်တွေ-မြောက်ဦးရေကြောင်းလမ်အပိတ်ခံထား၇သည်မှာ ယနေ့ ၁၀ ရက်ပြည့်၊ မနက်ဖြန်ပြန်လည်ဖွင့်လှစ်မည်လားဆိုသည်မှာမရေရာသေး

စက်တင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :8027
ရခိုင် သတင်း


နိရဥ္စရာ၊ စက်တင်ဘာ ၇/၂၀၂၂

၇ခိုင်ပြည်နယ်အတွင်းလူသွားလူလာများသည့် စစ်တွေ- မြောက်ဦးရေလမ်းကြောင်းကို စစ်ကောင်စီက ၁၀ ရက် ပိတ်ထားခဲ့ပြီး ယနေ့တွင်  ယင်းပိတ်ထားသည့် ၁၀ ရက် ပြည့်သွားပြီဖြစ်သဖြင့် မနက်ဖြန် စက်တင်ဘာ ၈ ရက်နေ့က စတင်ပြီး သွားခွင့် ပြုမလား၊မပြုလားဆိုသည်မှာ မရေရာသေးဟု အမြန်ရာပိတ်ထားလိုက်သည်ဟု သိ၇သည်။

အဆိုပါရေကြောင်းလမ်းကိုစစ်တပ်က ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်မှစတင်ကာ ယနေ့ စက်တင်ဘာ ရ ရက်အထိ ၁၀ ကြာပိတ်ထားခဲ့သည်ဟု သိ၇သည်။


ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက ''မြောက်ဦးကို ၂၉ရက်နေ့ကတည်းက မထွက်ပါ။ရေကြောင်းဦးစီးက အဲ့ဒီဘက်လိုင်းတလိုင်းကို ခဏပိတ်ထားပါဆိုပြီးလှမ်းအကြောင်း ကြားလို့ ပိတ်ထားတာပါ''ဟု နိရဥ္စရာ သို့ပြောသည်။


အဆိုပါရွှေပြည်တန်အမြန်ရေယာဉ်လိုင်းဖြင့်နေ့စဉ် လူ၅၀မှ ၁၀၀ အကြား လိုက်ပါစီးနင်းနေကြပြီး စစ်ရေးအခြေအနေများကြောင့် စ်တွေ-မြောက်ဦး ခရီးသွားလာရေးတွင်ကုန်းလမ်းထက် ရေကြောင်းခရီးကိုအဓိကထား သွားလာနေကြခြင်းဖြစ်သည်။

မြောက်ဦးမြို့ခံတစ်ဦးက''ဒီခရီးကိုအဓိကထားသွားလာနေရတာ။ ပိတ်လိုက်ရင်မသွားရရုံပဲလေ။ သူတို့က ကျနော်တို့ကိုလည်းဖြတ်လေးဖြတ်လုပ်မှာလားမသိဘူး။ မြောက်ဦးမြို့ကို ပစ်မှတ်ထားလာရင်တော့မလွယ်သေးဘူး ''ဟုနိရဥ္စရာသို့ ပြောသည်။

စစ်တွေ-မြောက်ဦးရေကြောင်းခရီးစဉ်များကိုမည်သည့်နေ့တွင် ပြန်လည်ပြေးဆွဲခွင့်ရမည်ဆိုသည်ကို လောလောဆယ် မသိနိုင်သေးဟုလည်းရေယာဉ်လိုင်းများမှ သိ၇သည်။

မြောက်ဦးမြို့နယ်အတွင်း သြဂုတ်လ၂၈ နေ့မှစ၍ စစ်တပ်နှင့်အေအေတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လူနေရပ်ကွက်၊ကျေးရွာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများရှိခဲ့သည်။

သြဂုတ်လ ၂၈ ရက် ညနေ ၄နာရီကျော်က မြောက်ဦးမြို့အခြေစိုက် မ၇ ၃ရ၇ နှင့် ၅၄၀ တပ်ရင်းတို့က မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာထဲကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့၇သူ အသက် (၅) နှစ်အရွယ်မောင်မြတ်သူလင်းနှင့်နောက်ထပ် ၂ ဦးသေဆုံးသွားခဲ့၇သည်။

စက်တင်ဘာလ ၄ ရက်နေ့ကမြောက်ဦးမြို့ထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီးနောက်မြောက်ဦးမြို့အခြေအနေမှာ စိုးရိမ်စရာဖြစ်နေကြောင်း မြို့ခံများက နိရဥ္စရာသို့ပြောကြသည်။

မြောက်ဦးမြို့ကိုအခြားနေရာများနှင့်အဆက်အသွယ်ဖြတ်တောက်ပြီး ပိုပြီးတင်းကျပ်စွာ ပိတ်ဆို့ထား မည်ကို မြောက်ဦးဒေသခံများကစိုးရိမ်နေကြသည်။

ULA/AA က စစ်တပ်သည်စစ်ပွဲတွင် အထိနာလျှင် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတ တိုက်ခိုက်တတ်သဖြင့်ပြည်သူများအနေဖြင့် အထူးသတိဝီရိယရှိရန် စက်တင်ဘာလ ၅ ရက်နေ့ကထုတ်ပြန်ထားသည်။

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.