Preview

တောင်ကုတ်မြို့မှ သွားဆရာဝန်တစ်ဦးကို အမည်မသိ လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွား

စက်တင်ဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7842
ရခိုင် သတင်း

နိရဉ္စရာ ၊စက်တင်ဘာ/ ၂၀၂၂

တောင်ကုတ်မြို့ မှ သွားဆရာဝန်တစ်ဦးကို ယမန်နေ့ စက်တင်ဘာလ ၆ရက် နံနက် (၁၀) နာရီခန့်တွင် အမည်မသိ လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိ၇သည်။

အဆိုပါဆရာဝန်မှာ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင်နေထိုင်သည့် အသက် (၄၂)အရွယ် ဒေါက်တာကျော်သူ၇ထွန်း ဖြစ်သည်။

ဒေါက်တာ၏ မိသားစုဝင်တစ်ဦးက လွန်ခဲ့သည့် ၃လခန့်က ဒေါက်တာကျော်သူ၇ထွန်းအိမ်ကို မသင်္ကာဖွယ်လူနှစ်ဦးလာရောက်စောင့်ကြည့်ဖူးပြီး ယခုရက်ပိုင်းတွင်လည်း လူစိမ်းများက အမြဲစောင့်ကြည့်နေကြောင်းပြောသည်။

''..၂၀၂၂ မနက် ၉နာရီခွဲနဲ့၁၀ နာရီကြားဖမ်းသွားတာပါ။သူမိန်းမကိုဆေးရုံလိုက်ပို့ပြီးအပြန် ဆေးရုံကွက်သစ် ()လမ်းထဲမှာ ဖမ်းသွားတာပါ။ ဆိုင်ကယ် စီးနဲ့ လူ၁၀ ယောက် ပါတယ်လို့ အနီးကမြင်လိုက်သူတွေ ပြောပါတယ်။အဲ့လူတွေထဲက တချို့က ဒေါက်တာရဲ့ ကားထဲကိုတက်ပြီး တောင်ကုတ် မြို့ရှောင်လမ်းဖက်ကို မောင်းသွားတယ်လို သိ၇ပါတယ်''ဟု ၎င်းမိသားစုဝင်က နိရဉ္စ ရာသို့ပြောသည်။

အဆိုပါ မိသားစုဝင်က ဒေါက်တာကျော်သူ၇ထွန်းသည် ကိုဗစ်ကာလအတွင်းတွင်လည်း အခြား ဆရာဝန်များ ဆေးခန်းမဖွင့်ချိန် ပ၇ဟိအဖြစ်လှည့်လည်ဆေးကုပေးဖူးသူဖြစ်ပြီး စိတ်သဘောထားကောင်းသူဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ပြောသည်။

ဒေါက်တာကျော်သူ၇ထွန်းသည် စစ်တွေမြို့ မင်းဂံရပ်ကွက် ဇာတိဖြစ်ပြီး တောင်ကုတ်မြို့တွင်အိမ်ထောင်ကျနေပြီး သူတို့ဇနီးမောင်နှံတွင်   နှစ်အရွယ် သမီးငယ်တစ်ဦးရှိကြောင်း သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.