Preview

ရခိုင်ကမြို့အများအပြားတွင် ကားနှင့်ဆိုင်ကယ်လိုင်စင်များကိုစစ်ဆေးဖမ်းဆီးနေ

စက်တင်ဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :2939
ရခိုင် သတင်း

နိရဉ္စရာစက်တင်ဘာ ၈ /၂၀၂၀

စစ်ကောင်စီသည် ၇ခိုင်ပြည်နယ်က မြို့အများအပြားတွင် ကား၊ဆိုင်ကယ်ိုင်စင်များကို စစ်ဆေးကာဖမ်းဆီးမှုပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ယနေ့နံနက်တွင်မြောက်ဦး၊ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့တို့တွင် စစ်တပ်၊ ရဲတို့က လိုင်စင်များကို စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟုဒေသခံများက ပြောသည်။

မင်းပြားမြို့တွင် ရဲစခန်းအဝိုင်း၊ ဘဏ်အနီး၊ ရဲလမ်းဆုံ၊ဈေးနားအဝိုင်း၊လေးလမ်း(ခွ)ဆုံနေရာများတွင် ကား၊ဆိုင်ကယ်၊ဘေးတွဲ ဆိုင်ကယ်လိုင်စင်တို့ကို စစ်ဆေးနေပြီး အနည်းဆုံးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ် ၃၀ လောက်ကို ဖမ်းဆီးပြီးရဲစခန်းထဲကို ခေါ်သွားသည်ဟု  မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သို့ပြောသည်။ 

''ဆိုင်ကယ်လိုင်စင်နဲ့ ဖုန်းတွေရောစစ်တာတဲ့။ မြို့ထဲမှာ သွားလာနေတဲ့ဆိုင်ကယ်၊တွဲဘီးဆိုင်ကယ်၊ ရေရောင်းတဲ့ ဆိုင်ကယ်မကျန် အကုန်လုံးကို စစ်ဆေးဖမ်းဆီးနေတယ်။ အခုဆို အစီး၃၀လောက်ရှိတယ်။ အခုတော့ အကုန်လုံးရဲစခန်းကိုခေါ်သွားတယ်။ အရင်နေ့တွေကတောဒီလိုမစစ်ပါဘူး''ဟုနိရဉ္စရာသို့ပြောသည်။

၎င်းပြင် ပြည်သူများ၏ ဖုန်းများကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးမှုများပြုလုပ်နေသည်ဟု ၎င်းကဆက်ပြောသည်။

မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်လေးလမ်းဆုံ (လေးခွဆုံ) အနီးတွင်ဆိုင်ကယ်များကို အဓိကထားဖမ်းနေပြီး ဆိုင်ကယ်လိုင်ဆင်၊ ဦးထုတ်၊ ယာဥ်မောင်းလိုင်င်များကိုစစ်ဆေးနေကြောင်း မြောက်ဦးမြို့မှ ကိုမင်းဆွေက ပြောသည်။

''မနက်ကစပြီးဖမ်းနေတာပါ။ တောင်ရပ် လေးခဆုံးနားမှာဖမ်းနေတာ။ ပြီးခဲ့နေ့တွေကတော့မဖမ်းပါဘူး။ ဒီနေ့မှ စဖမ်းတာ'' နိရဉ္စရာသို့ပြောသည်။

မြေပုံမြို့တွင်ယမန်နေ့ စက်တင်ဘာလ ရ ရက် နေ့ကစစ်ကောင်စီ တပ်သားများစခန်းချနေသည့်နတလရုံး ဗုံးဖောက် တိုက်ခိုက်ခံ၇ပြီးနောက် မင်းပြား-မြေပုံ ကားလမ်းကိုပိတ်၍စစ်ဆေးနေကြောင်း သိ၇သည်။

မြေပုံမြို့မှလူငယ်တစ်ဦးက''မနေ့က နေ့လယ်ကတည်းက ဆိုင်ကယ်တွေ၊ကားတွေကို မြေပုံအဝင်ကန်သာရွာနားမှာ စစ်နေတာပါ။ဒီနေ့လည်း စစ်နေပါတယ်။ လိုင်ဆင်စစ်တယ်ပြီးတော့ လူတွေကိုပါဖုန်းတွေယူစစ်ပါတယ်''ဟုနိရဉ္စရာ သို့ပြောသည်။

ကျောက်တော်မြို့တွင်လည်းယနေ့စက်တင်ဘာ ၈ ရက်နေ့လည် ၁၁ နာရီခန့်မှစ၍ ကျောက်တော်မြို့ သာသနာ့ဗိမာန်ရှေ့တွင်စစ်သားနှင့်ရဲများက ဆိုင်ကယ်၊သုံးဘီးလိုင်ဆင်များကို စစ်ဆေးနေကြောင်း သိ၇သည်။ 

ကျောက်တော်မြို့ခံတစ်ဦးက'' နေ့လည် ၁၁ နာရီလောက်ကစပြီးစစ်နေတာပြောကြတယ်။ ဆိုင်ကယ်လိုင်ဆင်တွေနဲ့ ဖုန်းတွေပါယူစစ်ပါတယ်။အဖမ်းခံထား၇တယ်လို့တော့ မကြားမိသေးပါဘူး'' နိရဉ္စရာ သို့ပြောသည်။

စစ်ကောင်စီ တပ်ဖွဲဝင်များသည်၇ခိုင်ပြည် နယ်က မြို့များတွင် လိုင်ဆင်အကြောင်း ပြ၍ လမ်းသွားလမ်းလာများကိုအမြဲလိုလို စစ်ဆေးတတ်ပြီး စစ်ရေးတင်းမာနေသည့်ယခုအချိန်တွင်လမ်းများကိုပိတ်၍ နေရာအနှံ့စစ်ဆေးနေသဖြင့် ခရီးသွားများစိုးရိမ်ကြောင့်ကြနေကြကြောင်းလည်း ဒေသခံများက ပြောကြားသည်။  

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.