ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် လူပေါင်း ၂၀၀ခန့်ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

 နိရဉ္စရာ၊ စက်တင်ဘာ / ၀၂၂

ရခိုင်ပြည်တွင် စစ်ကောင်စီစစ်တပ်က လူ့အခွင့်အရေးချိုးဖေါက်နေမူများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှိနာဂါဝါ အရပ်တွင်တည်ရှိသည့်  မြန်မာသံရုံးရှေ့တွင် ယနေ့ ဂျပန်စံတော်ချိန် ညနေ နာရီမှ နာရီ ၃၀ အထိ လူပေါင်း ၂၀၀ ခန့်က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆန္ဒပြပွဲကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ANDP-Japan)  မှ ဦးဆောင်ပြီး မဟာမိတ် ညီနောင်များဖြစ်ကြသည့် ညီညွတ်သောတိုင်းရင်းသားအဖွဲ့အစည်း (AUN)၊ ကရင်အဖွဲ့အစည်း (OKOJ) စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆောင်ရွက်နေသော RTM မှ တက်ကြွလူငယ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

ANDP-Japan ဥက္ကဋ္ဌ ကိုသက်ထွန်းအောင်က စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည် အတွင်းမှာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး  ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ကျေးရွာအတွင်း လူနေအိမ်တွေနဲ့ ပရဟိတကျောင်းတွေကို မီးရှိုခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖေါက်လုပ်ဆောင်နေတယ်။ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုလိုက်သလို  ဒီလုပ်ရပ်တွေအပေါ်မှာလည်း ကန့်ကွက်ရှုတ်ချတယ်လို့ ဒီနေရာက ပြောလိုပါတယ်ဟု ပြောသည်။

သြဂုတ်လ (၂၈)ရက်နေ့တွင် ကျေးရွာပတ်ဝန်းကျင်တွင် ည်သည့်တိုက်ပွဲမှ ဖြစ်ပွားမှုမရှိပဲ ပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့်ပစ်ခတ်မူကြောင် မြောက်ဦးမြို့နယ်၊ကင်းဆိပ်ရွာမှ ကလေးငယ်အပါအဝင် အရပ်သား ဦး ေဆုံးပြီး () ဦးဒဏ်ရာရခဲ့သည့် လုပ်ရပ်အပေါ်လည်း ပြင်းထန်စွာကန့်ကွက်ကြောင်း ၎င်းက ပြောကြားသည်။

စစ်ကောင်စီ စစ်တပ်သည် ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ တိုက်ပွဲများတွင် အထိနာကျဆုံးမူ များလာသည့်အတွက် ပြည်သူလူထုတိုင်းကို ရန်သူအဖြစ်သတ်မှတ်ကာ ပစ်ခတ်မူပြုလုပ်ခြင်း၊ စားနပ်ရိက္ခာဖြတ်တောက်ကာ အတိဒုက္ခကျရောက်အောင် ပြုလုပ်ခြင်း၊ သာသနိက အဆောက်အဦ များအား ကာဗာယူခြင်း၊ လူသားဒိုင်းကာအဖြစ်ဆောင်ရွက်ခြင်းတို့ အပေါ်လည်း ကန့်ကွက်ကြောင်း ANDP-Japan ထွေထွေ အတွင်းရေးမှူး ကိုအောင်ဇော်လင်းက ြောကြားသည်။

နောက်ထပ် ထပ်ပြောရရင်တော့ ြောက်ဦးမြို့မှရင့်ဆို့()ဖို့လပြည့်ကို  မတရားဖမ်းဆီးထားခြင်း အပေါ်ကန့်ကွက်ပါတယ်။ ကျောက်တော်မြို့က လူမှုရေးလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူတွေကို လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်ဟု ၎င်းက ဆက်လက် ပြောဆိုသွားခဲ့သည်

ဆန္ဒပြပွဲတွင် မြန်မာတပ်မတော် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ရာဇဝတ်မူများ၊ လူအခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးတို့ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် စစ်ရာဇာဝတ်စောင့်ကြည့်ရေး အဖွဲ့တို့မှ မှတ်တမ်းတင် အရေးယူပေးရန် တောင်းဆိုခဲ့ကြသလို စစ်ကောင်စီတပ်ကိုလည်း ရခိုင်ပြည်က ချက်ချင်းထွက်ခွပေးရန်တောင်းဆိုခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

အခမ်းအနားတွင် AUN ညီညွတ်သောတိုင်းရင်းသားဥက္ကဋ္ဌ Salai Mang Man Shing  ကရင်အစည်းအရုံး-ဂျပန်မှ စဟန်ဝင်းထွန်း၊ Revolution Tokyo Myanmar -RTM ကိုယ်စား ကိုဖိုးခွါး၊ တော်လှန်ရေး အင်အားစုမှ ကိုသန့်ဇော်ထက်၊ အလုပ်သမားရေးရာအဖွဲ့မှ ကိုမြင့်ဆွေတို့မှလည်း  စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ရေးအတွက် အသီးသီးအမှာစကားပြောကြားခဲ့ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ