Preview

စစ်တွေ မြို့လယ်တွင် နယ်ထိန်းရဲအုပ်သိပ္ပံသေနတ်ပစ်ခံရပြီးသေဆုံး

စက်တင်ဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :3027
ရခိုင် သတင်း

နိရဉ္စရာ စက်တင်ဘာ /၂၀၂၂ ( နာရီ)

ယနေ့ ညနေ ၆နာရီခွဲခန့်တွင် စစ်တွေမြို့  ပြည်သူ့ဆေးရုံကြီးအနီး ရင်ခွဲရုံရှေ့ မီးပွိုင့်တွင် စစ်တွေအမှတ် (၁) ရဲစခန်းမှ နယ်ထိန်းရဲအုပ်သိပ္ပံသည် သေနတ်ပစ်ခံ၇ပြီး သေဆုံးသွားကြောင်းသတင်းရရှိသည်။

၎င်းသည် မိသားစုဖြင့် ဆိုင်ကယ်ဖြင့် စောင့်နေစဉ်  သေနတ်ဖြင့်ပစ်ခတ်ခံ၇၍ သေဆုံးသွားခဲ့သည်ဟုမျက်မြင်များက ပြောသည်။

ေဆုံးသူ ရဲအုပ် သိပ္ပံသည် စစ်တွေအမှတ် () ရဲစခန်း နယ်ထိန်းရဲအုပ်ဖြစ်ပြီး စစ်တွေမြို့တွင် ရဲအုပ်ခေါင်းဆောင်ဖြစ်ကြောင်း သိ၇သည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသူ အမည်မဖော်လိုသူတစ်ဦးက''ဒီနေ့  ၆နာရီ ခွဲလောက်က မီးပွိုင့်ကို ဖြတ်ဖို့ ဆိုင်ကယ်နဲ့ မိသားစု ဦးစောင့်ဆိုင်းနေစဉ် အနီးကပ်သေနတ်နဲ့ ပစ်သွားခဲ့တာလို့ သိ၇ပါတယ်။ သေနတ်ပစ်သံ ကြားတော့ လူတွေက ထွက်ပြေးကြတော့ ဘယ်သူ့ပစ်မှန်းမသိဘူး။ ဦးခေါင်းမှာ သေနတ်မှန်ပြီး ပွဲချင်းပီးသေတယ်လို့ ပြောလို့၇ပါတယ်။ တစ်ခါတည်း လဲကျသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်ဟု ပြောဆိုသည်။

ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့မှာ တစ်စုံတရာ ထိခိုက်မှု မရှိခဲ့ဟု သိ၇သည်။

ယနေ့ ည နာရီခန့်က ၇ဲအုပ်သိပ္ပံ၏ အလောင်းကို ဆရာဝန် စစ်ဆေးပြီးနောက် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၉ ရက် နာရီခန့်ကလည်း စစ်တွေမြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီးမောင်မောင်သန်းသည် စစ်တွေမကျည်းမြိုင်ရပ်ကွက်ရှိ သူ၏ နေအိမ်အနီးတွင် အမည်မသိလူအချို့၏ ဓားဖြင့်ထိုးသတ်ခြင်းကိုခံခဲ့၇၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

နယ်ထိန်းဒုရဲအုပ်သိပ္ပံ ပစ်ခတ်ခံ၇၍သေဆုံးပြီးနောက် စစ်တွေမြို့ နေရာ အများအပြားတွင် စကစမှ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုများတင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.