Preview

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦး မိုင်းထိကာ ခြေထောက်တစ်ဘက်ပြတ်

စက်တင်ဘာ ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :5706
ရခိုင် သတင်း

နိရဥ္စရာ၊စက်တင်ဘာ ၉/၂၀၂၂

 

၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကွမ်းအုံစုကျေးရွာမှဒေသခံတစ်ဦးသည် ဝါးခုတ်ရန်သွားစဉ် မိုင်းထိ၍ ညာဘက်ခြေထောက်တစ်ဘက် ပြတ်သွားကြောင်း သတင်းရရှိသည်။

 

မိုင်းထိဒဏ်ရာရရှိသူမှာအသက် (၄ရ) နှစ်အရွယ် ဦးဘရွှေ ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီခန့်က  ရွာအနောက်ဘက်ရှိတောင်မှ ဝါးသွားခုတ်စဉ် မိုင်းထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။

 

လက်ရှိတွင်ယိုးတရုတ်ဆေးရုံမှာဆေးကုသမှုခံယူနေပြီး  ဒဏ်ရာပြင်းထန်သည့်အတွက်ဒူးအထက်လောက်ကိုဖြတ်ပစ်ရမည်ဟု ဆရာဝန်ကပြောကြောင်း ဒဏ်ရာ၇သွားသူ၏ အစ်ကိုဖြစ်သူ ဦးမောင်ဘစိန်ကပြောသည်။

 

"ကွမ်းအုံစုရွာအနောက်ဘက်ကတောင်ပေါ်မှာ ဝါးခုတ်သွားရင်း မိုင်းထိခဲ့တာပါ။ ဒူးအထက်လောက်ကို ဖြတ်ပစ်ရမယ်လို့ ဆရာဝန်ကပြောပါတယ်"ဟုပြောသည်။

 

မိုင်းနင်းမိသူဦးဘရွှေသည် တောင်ယာဝါးခုတ်ခြင်းအလုပ်ကိုလုပ်ကိုင်ကာ ဇနီးဖြစ်သူနှင့်အတူ သား ၂ ဦး၊ သမီး၃ ဦးကို ရှာဖွေကျွေးနေသူဖြစ်ကြောင်း သိ၇သည်။

 

သြဂုတ်လ(၅) ရက်နေ့က မင်းပြားမြို့နယ် မြစ်နားရွာအနီး စစ်တပ်ကတပ်စွဲထားသည့် တောင်နားကို ထင်းခွေသွားသည့်အမျိုးသား ၁ ဦးမိုင်းနင်းမိပြီး ခြေတစ်ဘက် ပြတ်ထွက်သွားခဲ့သည့်အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်းမောင်တောမြို့နယ် တရိန်း(မြို)ရွာမှ ဒေသခံတစ်ဦးလည်း မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

၇ခိုင်မှာအခုနှစ်၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ၇ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) စာရင်းတွေအရ သိ၇သည်။

#မြေမြုပ်မိုင်း#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.