နိရဥ္စရာ၊ စက်တင်ဘာ ၉/၂၀၂၂
၇ခိုင်ပြည်၊ မင်းပြားမြို့ရှိ မယ်သီလရှင်အပါး ၇၀ ကို စက်တင်ဘာလ ၈ ရက် (တော်သလင်းလပြည့်နေ့ မတိုင်မီအဖိတ်နေ့ ) မွန်းလွဲ ၃နာရီအချိန်တွင် ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သည်ဟုသတင်းရရှိသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပသည့် ဦးဆောင်ကော်မတီဝင်များကိုယ်စားဦးစောဘချိုက “ ၇ခိုင်ပြည်နယ်ထဲမှာကြားသိ၇သလောက်ကတော့ စစ်တွေမြို့မှာသီလရှင်တွေကို သီးသန့်ဒီလို ဆွမ်းဆန်စိမ်း လှူဖူးတယ်လို့ကြားဖူးပါတယ်။ ဦးလေးတို့မင်းပြားမြို့မှာတော့ ဒီလိုမျိုးသီးသန့် သီလရှင်တွေကို လုပ်ပေးခဲ့တာမရှိဘူး။ ဒီတစ်ကြိမ်ကတော့ပထမဆုံးအကြိမ်ပါ။ ဗုဒ္ဓဘာသာထဲမှာ တရားဘ၀နာကျင့်ကြံနေတဲ့ မယ်သီလရှင်တွေကို မြေတောင်မြှောက်ပေးချင်တဲ့ အနေနဲ့ဆွမ်းဆန်စိမ်း အလှူ ပြုလုပ်၇ခြင်းဖြစ်ပါတယ် " ဟုပြောသည်။
သီလရှင်အများစုသည် ဝါတွင်းကာ အဖိတ်နေ့ကျရောက်တိုင်း မြို့ထဲရွာထဲရှိနေအိမ်များသို့ သွားရောက်ကာ ပင်ပင်ပန်းပန်း ဆွမ်းစိမ်းများခံယူကာ စားဝတ်နေရေးကို ဖြေရှင်းကြရသဖြင့်ယခုဆွမ်းစိမ်းလောင်းပွဲက သူတို့၏ တစ်စုံတစ်ရာလစ်ဟာနေသည့် ကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်မည်ဟုမျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
“ ခုလိုမင်းပြားမြို့မှာ ဗုဒ္ဓဘာသာထဲတွေက မေသီလရှင်တွေကိုဆွမ်းဆန်စိမ်းလှူပွဲ ဖြစ်မြောက်အောင် ပြုလုပ်၇တဲ့ အတွက်ကြောင့် ဝမ်းသာပီတိဖြစ်၇ပါတယ်။ မြို့သူမြို့သားတွေလည်း ကုသိုလ်ကောင်းမှုတွေလုပ်၇တဲ့ အတွက် ဝမ်းသာပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မယ်သီလရှင်များအားမင်းပြားမြို့ဒေသခံများက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့မှုအပေါ်အလွန်တရာမှ ကျေးဇူးတင်ဝမ်းမြောက်၇ကြောင်း ဆွမ်းဆန်စိမ်းအလှူခံရာတွင်ပါဝင်သည့် မယ်သီလရှင် ဒေါ်ယုစန္ဒာက နိ၇ဉ္စရာသတင်းဌာနကို မိန့်ကြားသည်။
" သာသနာဆိုတာကဒကာ၊ဒကာမတွေအနေဖြင့် ဗုဒ္ဓမြတ်စော်ဘုရား ပရိတ်နိဗ္ဗာန်ပြုပြီးမှ ၇ဟန်း သံဃာတွေကိုအကြောင်းပြုပြီးတော့ ထောက်ပံ့လှူဒါန်းတဲ့အတွက်ကြောင့် သာသနာကအခုထိတည်တံ့ခိုင်မြဲနေတာပါ။ အဲ့ကြောင့် ဗုဒ္ဓဘာသာထဲက သာသနာ့အကျိုးသယ်ပိုးနေတဲ့မယ်သီလရှင်တွေကိုလည်း မင်းပြားမြို့မှာရှိနေတဲ့ ဒကာ၊ ဒကာမတွေ အခုလို ဝိုင်းဝန်းပြီး ဆွမ်းဆန်စိမ်းလှူဒါန်းတဲ့အတွက်ကြောင့်အလွန်တရာမှ ကျေဇူးတင်ဝမ်းမြောက်မိပါတယ်"ဟုပြောသည်။
နောက်ထပ်လည်းသာသနာအဓွန့်ရှည်တည်တံ့ရေးနှင့် ပြန့်ပွားရေးအတွက်ဤထက်မက ကုသိုလ်ဒါနပြုနိုင်ကြပါစေဟု ဆုတောင်းပေးလိုကြောင်း၊ ဤသို့လှူဒါန်းခြင်းသည် ဘုရားရှင်၏ ကျေးဇူးကို ဆပ်ရာရောက်မည်ဖြစ်သလို သံဃာတော်များကိုလည်းကျေးဇူးဆပ်ရာရောက်မည် ဖြစ်သည်ဟုလည်းမေသီလရှင် ဒေါ်ယုစန္ဒာကဆက်မိန့်ကြား ပြောဆိုသည်။
မင်းပြားမြို့တွင်ပထမအကြိမ်မယ်သီလရှင်များကို ဆွမ်းဆန်စိမ်းလောင်းလှူ၇တဲ့အတွက်ပီတိဖြစ်ရပြီး၊ ရှေ့ဆက်ပြီးလှူဒါန်းဖို့ စိတ်ထဲမှာခံယူထားပါကြောင်း မင်းပြားမြို့ရှိအလှူရှင်တစ်ဦးဖြစ်သူဒေါ်ခင်မာအေးက နိ၇ဉ္စရာကိုပြောသည်။
" အခုလိုလှူဒါန်းရခြင်းအားဖြင့် အမျိုးသမီးသီလရှင်များဟာ နောက်နောင် သီလရှင်(ဆရာလေး)တွေရဲ့ဂုဏ်တွေကိုပေါ်လွင်အောင် အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့။ ပြီးရင် မယ်သီလရှင်(ဆရာလေး)တွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေကို လှူ၇တဲ့အတွက် သီလရှင်တွေကိုကြည့်ပြီးအား၇ဝမ်းသာပီတိ ဖြစ်၇ပါတယ်" ဟုပြောသည်။
အဆိုပါမယ်သီလရှင်အပါး ၇၀ ကို စက်တင်ဘာ၈ ရက်တွင် မြို့တည်နှစ် ၁၅၀ စေတီတော်ရင်ပြင်၌ နေ့လယ် ၂နာရီခွဲတွင်စုဝေးပြီး ၃ နာရီတွင် စွန်ရဲလမ်း၊ ရုံးတက်လမ်း၊ ကမ်းနားလမ်း၊ မိသားစု ထမင်းဆိုင်အနီးမှ အောင်သစ္စာလမ်း၊နွေရိပ်လဘက်ရည်ဆိုင်ရှေ့မှ မြောင်းဘွေလမ်း၊ရွှေနန်းအိမ်ရွှေဆိုင်အနီးမှ ကျောင်းတက်လမ်း၊ ဦးကျော်ဦးလမ်းတလျှောက်၊ထိုမှတဆင့် နှစ် ၁၅၀ စေတီတော်သို့ လမ်းလျှောက်ကာ ဆွမ်းဆန်စိမ်းအလှူခံခဲ့ကြခြင်းဖြစ်သည်ဟုသိ၇သည်။
နောက်နှစ်များတွင်လည်းသီလရှင်များအား ဆွမ်းစိမ်းလောင်းလှူခြင်းကို အစဉ်အလာတစ်ခု ဖြစ်လာအောင် ဆက်လက်ကျင်းပသွားမည်ဟုသိ၇သည်။