Preview

မောင်တောမြောက်ပိုင်း မီးတိုက်နယ်ခြားစောင့်စခန်းကို AA ဝင်တိုက်၊ ပလက်၀တွင်လည်း တိုက်ပွဲပြင်းထန်၍ လေယာဉ်နှစ်စီးဖြင့်လာတိုက်ခိုက်

စက်တင်ဘာ ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :4048
ရခိုင် သတင်း

နိ၇ဉ္စရာ၊ စက်တင်ဘာ ၉/၂၀၂

မောင်တောမြို့နယ် မြောက်ပိုင်း၊ မီးတိုက်ကျေးရွာအနီးရှိမိုင်တိုင် ၃၇/၃၈ (နခခ)နယ်ခြားစောင့်စခန်းကို ၇က္ခိုင့်တပ်တော်(AA)က ယနေ့ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့သလိုပလက်၀မြို့နယ်တွင်လည်း  AAနှင့် တိုက်ပွဲအပြီးစစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။   

မောင်တောမြို့နယ်မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ) မီးတိုက်နယ်ခြားစောင့်စခန်းကိုယနေ့ ညနေ၄ နာရီကျော်ခန့်တွင် AA ကဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နယ်ခြားစောင့်တပ်ဘက်ကထိခိုက်ကျဆုံးမှုများရှိခဲ့သည်ဟုသိ၇ကြောင်းအေအေနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"မီးတိုက်ရွာအနီးရှိတဲ့ မိုင်တိုင် ၃၇/၃၈  နခခစခန်းကို တိုက်တာဖြစ်ပါတယ်။  ညနေ ၄ နာရီကျော်က စဖြစ်တာ ၅ နာရီကျော်လောက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိပေမယ့်အဲ့ဒီနေရာတွေက တစ်ဘက်နဲ့တစ်ဘက် ရိက္ခာဖြတ်ထားတဲ့နေရာတွေဖြစ်တယ်။ အထူးသဖြင့် စစ်တပ်ပိတ်မိနေတဲ့နေရာတွေပေါ့။ကျနော်တို့ သိရသလောက် အဲ့ဒီနေရာတွေကို အေအေက ဝင်တိုက်တယ်လို့ကြား၇ပါတယ်။ စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ ပြောတယ်။ အတိအကျတော့ စာရင်းထွက်မလာသေးဘူး"ဟု ၎င်းက ပြောသည်။

ယနေ့စက်တင်ဘာ (၉) ရက် နံနက် ၈ နာရီကျော်အချိန်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊နှမဒါကျေးရွာ အနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲအပြီးတွင်  ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့်၎င်းနေရာကို လာရောက် တိုက်ခိုက်ခဲ့ကြောင့်အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"နှမဒါနားမှာ မနက် ၈ နာရီကျော်လောက်က တိုက်ပွဲခဏဖြစ်ခဲ့ပါတယ်။  မိနစ် ၂၀ လောက်ပေါ့။ အဲ့ဒါပြီးတော့ မနက် ၁၀ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့အဲ့ဒီနေရာတွေကို ဗုံးလာကြဲတယ်ဗျ" ဟု ပြောသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ရက္ခိုင့်တပ်တော်(AA) ပြောခွင့်၇သူ ဦးခိုင်သုခကို  နိရဉ္စရာသတင်းဌာနကဆက်သွယ်မေးမြန်းရာ ခရီးသွားနေသဖြင့် တိုက်ပွဲအသေးစိတ်ကို စစ်ရုံးချုပ်ကိုမေးမြန်းပြီး ပြန်လည် ပြောကြားပေးမည်ဟု ပြောဆိုသည်။

သြဂုတ်လ၃၁ ရက်နေ့တွင် မောင်တောမြို့နယ်မှ မိုင်တိုင်(၄၀) နယ်ခြားစောင့်တပ်စခန်းကို AA ကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီကမောင်တောမြို့နယ် မြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ အပါအဝင်နေရာအချို့တွင် အင်အား တိုးချဲ့ ချထားပြီး ၎င်းစခန်းကို ပြန်လည်ရရှိရေး အတွက်  စစ်၇ဟက်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခဲ့သော်လည်း ယင်းစခန်းကို ယနေ့အချိန်ထိ တိုက်ခိုက်၍ မ၇သေးဟုဒေသခံများက ပြောဆိုသည်။   (NN-7)

(ဓာတ်ပုံ- မီးတိုက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည့်မြင်ကွင်း)


#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.