နိရဉ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ဒုတိယကမ္ဘာစစ်အတွင်းကကျန်ရှိခဲ့သည့် ဗုံးသီးဟောင်း ၁၈ လုံးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဘူးသီးတောင်မြို့နယ်သတင်းမှန်ပြန်ကြားရေး၏ ပို့စ်တွင် သတင်းရေးသား ဖော်ပြသည်။
၎င်းဗုံးသီးများကို ဘူးသီးတောင်မြို့အမှတ်(၁)ရပ်ကွက်၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးဝန်းအတွင်းရှိဝန်ထမ်းအိမ်ယာ လိုင်းခန်းနောက်တွင် ယမန်နေ့ စက်တင်ဘာ၉ ရက် နံနက်(၈) နာရီခွဲအချိန်က ဆက်သွယ်ရေးတာဝန်ခံ ဦးမျိုးငြိမ်းကအလုပ်သမား အဒူရော်မန်နှင့် အတူ သန့်ရှင်းရေးပြုလုပ်စဉ်မြေကျင်းထဲ၌ တွေ့ရှိခဲ့သည်ဟု သိ၇သည်။
အဆိုပါ နေရာသည် ဒုတိယကမ္ဘာစစ်ကာလအတွင်းက အင်္ဂလိပ်လူမျိုးများ စစ်စခန်းဖွင့်လှစ်ကာ နေထိုင်ခဲ့သောနေရာဖြစ်ပြီး ၎င်းတို့တွင် ကျန်ရှိခဲ့သောဗုံးသီးလက်ကျန်များဖြစ်နိုင်ကြောင်း အများက သုံးသပ်ကြသည်ဟု ဆိုသည်။
အဆိုပါဗုံးသီးများ၏ အရွယ်အစားမှာအလျား( ၂)ပေ၊လုံးပတ်( ၁၁)လက်မရှိကြောင်းသိ၇ပြီး၎င်းဗုံးသီးများကို ဘူးသီးတောင် စစ်ကောင်စီစစ်ဗျူဟာသို့ ရဲတပ်ဖွဲ့က ပို့ဆောင်လိုက်သည်ဟုသိ၇သည်။