နိရဥ္စရာ၊စက်တင်ဘာ ၁၀/၂၀၂၂
၇ခိုင်ပြည်နယ်ကျောက်တော်မြို့ ကစ္ဆပနဒီမြစ်တွင် ပုပ်ပွနေသည့် အမည်မသိအမျိုးသမီးအလောင်း ၁လောင်းကို တွေ့ရှိခဲ့သည်ဟု သိ၇သည်။
အဆိုပါအလောင်းကိုယမန်နေ့ စက်တင်ဘာလ ၉ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်ရှိ ဦးဥတ္တမပန်းခြံရှေ့ကမ်းစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်းမှာ အသက် ၄၀ခန့်ဟု ခန့်မှန်းရပြီး ပုပ်ပွ၍ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သည့်အတွက် မည်သူမည်ဝါဖြစ်သည်ဆိုသည်ကိုယနေ့အထိ မသိ၇သေးဟု အလောင်းအား သွားရောက်သယ်ဆောင်ခဲ့သည့်ဖြူစင်မေတ္တာပ၇ဟိတအသင်းမှ ကိုညီပုက နိရဥ္စရာကိုပြောသည်။
“အမျိုးသမီးအလောင်းကမှန်းမ၇တော့ဘူး။ ပုပ်ပွရောင်ပြီးတော့ အရမ်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါပြီ။အခုထိ ကျနော်တို့ဘယ်ရွာကဆိုတာကို မသိရသေးဘူး။ ချောင်းဖျားဘက်ကနေဆင်းလာတဲ့ပုံစံပါ။ သူကတစ်ရက်နှစ်ရက်လောက်ပြီးမှ ဒီဘက်ကိုရောက်တာဆိုတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီလေ”ဟု ပြောသည်။
အလောင်းတွင်ဒဏ်ရာဒဏ်ချက်များလည်း တော်တော်များများပါရှိပြီး ငါးများကြောင့်လား၊လူသတ်ဒဏ်ရာလားဆိုသည်ကိုလည်း ခန့်မှန်းမ၇ဟု ဆိုသည်။
လက်ရှိတွင်အဆိုပါအလောင်းအား ဖြူစင်မေတ္တာပရဟိတအသင်းနှင့် စေတနာ နာရေးကူညီမှုအသင်းတို့ ချိတ်ဆက်ကာကျောက်တော်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားခဲ့ကြောင်းလည်း သိ၇သည်။