နိရဥ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၂
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား ယနေ့ နံနက်တွင် ထပ်မံ တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီက ၇ဟတ်ယာဉ်များဖြင့် အသုံးပြုတိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ် ကြိမ်ချောင်းနှင့် ဂုပ္ပီကျေးရွာအကြား လောင်းဒုံနယ်ခြားစောင့်စခန်းအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိ၇သည်။
ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ပြင်းပြင်းထန်ထန် ထပ်မံ တိုက်ပွဲဖြစ်ပွားနေ၍ အနီးအနားကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ၇ကြောင်း အမည်မဖော်လိုသူ ကြိမ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။
"မနက် ၅ နာရီခွဲကျော်လောက်ကနေ ဖြစ်နေတာ အခုအချိန်အထိပါပဲ။ ပစ်ခတ်နေကြတာတော့ အပြင်းအထန်ပါပဲ။ ရွာသားတွေကတော့ ချက်ချင်းကြီး တခြားနေရာကို ထွက်ပြေးဖို့ကလည်း မလွယ်ကူဘူး။ အဆင်ပြေမယ့်နေရာ၊ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ ပုန်းရှောင်နေ၇ပါတယ်" ဟု ပြောသည်။
နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ၇ဟတ်ယာဉ်နှစ်စီးဖြင့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာများကို လေကြောင်းပစ်ကူကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိ၇သည်။
"ဂုပ္ပီ နဲ့ ကြိမ်ချောင်းကြားမှာ ဖြစ်နေတာပါ။ အဲ့ဒီမှာလောင်းဒုံတပ်စခန်းရှိပါတယ်။ ၈ နာရီ ၄၅ လောက်မှာ ၇ဟက်ယာဉ်နှစ်စီးနဲ့ ဗုံးကြဲပါတယ်။ အခုကတော့ လက်နက်ကြီးတွေလည်း ပစ်နေတုန်းပါပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ယမန်နေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပလက်၀မြို့နယ် နှမဒါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီကျော်ခန့်တွင် မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်စခန်းကို အေအေကဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်၇သူ ဦးခိုင်သုခနှင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူ၇တို့ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
သြဂုတ်လ ၃၁ ရက်နေ့တွင် မောင်တောမြို့နယ်မှ မိုင်တိုင်(၄၀) နယ်ခြားစောင့်တပ်စခန်းကို AA ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း၇မိခဲ့ကာ စစ်ကောင်စီတပ်သားအများအပြားကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်ကလည်း စခန်းပြန်လည်ရရှိရေး စစ်၇ဟက်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ စစ်လေယာဉ်များကျူးကျော်ဝင်ရောက်လာမှုနှင့် လက်နက်ကြီးကျရောက်မှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၃ ကြိမ်တိုင်တိုင် သတိပေးခြင်းကို ခံထား၇ကြောင်း သိ၇သည်။(NN-7)
(ဓာတ်ပုံ- စစ်ကောင်စီလေတပ်ကမောင်တောမြို့နယ် မြောက်ပိုင်းတွင် အသုံးပြုတိုက်ခိုက်ခဲ့သည့် ဗုံးသီးအခွံများကိုတွေ့၇စဉ်)