Preview

ပလက်၀မြို့နယ်က အိန္ဒိယသို့ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၆၀၀ခန့်ကို အိန္ဒိယရှိရခိုင်မိသားစုများကစားနပ်ရိက္ခာများကူညီထောက်ပံ့မှုပြုလုပ်

စက်တင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :2332
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၁၀/၂၀၂၂

ချင်းပြည်နယ် ပလက်၀မြို့နယ်၊  မြိတ်၀ကျေးရွာဘက်မှ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်သို့ထွက်ပြေးလာကြသည့်ရခိုင်စစ်ဘေးရှောင် ၆၀၀ ခန့်ကို ိန္ဒိယနိုင်ငံရှိရခိုင်မိသားစုများက စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့ခဲ့ကြသည်ဟု သတင်းရရှိသည်။
အဆိုပါစားနပ်ရိက္ခာများကို အိန္ဒိယနိုင်ငံဘာဇီကိုင်ရွာဘက်ရှိ ၇ခိုင်မိသားစုများက မန်နေ့စက်တင်ဘာလ ၉ ရက်တွင် ထောက်ပံ့ကူညီခဲ့ကြသည်ဟု ရွာသစ်ဆရာတော် ဦးပညာဇောတက နိရဥ္စရာကိုမိန့်သည်။

ရွာတစ်ရွာမှာလူဦးရေဘယ်လောက်ရှိလဲ။ အဲဒါတွေကို အားလုံး ရိက္ခာတွေကိုဝေငှပြီးတော့ ပေးကြတယ်။ စုစုပေါင်း လူ ၆၀၀ လောက်ရှိပါတယ်ဟု ဆရာတော်က မိန့်ကြားသည်။

မြိတ်၀ရွာက ထွက်ပြေးလာကြသူများသည်မီဇိုရမ်ပြည်နယ်အတွင်းမှရွာသစ်ကျေးရွာ၊ တပ်ပေါင်းချေ ကျေးရွာ၊ လိုင်တလန်ကျေးရွာနှင့်ရွာသာယာကျေးရွာတို့တွင် ခိုလှုံနေကြပြီး လက်ရှိစစ်ဘေးရှောင် ၆၀၀ခန့် ရှိသည်ဟုသိ၇သည်။

ယမန်နေ့ောက်ပံ့ခဲ့သည့်စားနပ်ရိက္ခာများတွင် ဆန်၊အာလူး၊ ကြက်သွန်နီ/ဖြူ၊ ပဲ၊ ငရုပ်သီး၊ ငပိ၊ ဆား၊ အသားတု၊ ငါးခြောက်နှင့်သခွားသီးစသည်တို့ပါဝင်ပြီး စစ်ဘေးရှောင်များအတွက် ရက်သတ္တပတ် တစ်ပတ်စာအတွက်သာလုံလောက်မည်ဟု ဆိုသည်။အဆိုပါစားနပ်ရိက္ခာများကုန်သွားပါကနောက်ထပ်စားသောက်ရန် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေပြီးမိုးတွင်းကာလဖြစ်၍ ခြင်ထောင်နှင့် အဝတ်အထည်များလည်း လိုအပ်နေသည်ဟု ရွာသစ်ဆရာတော်ဦးပညာဇောတက နိရဥ္စရာကို မိန့်သည်။
တစ်ပတ်စာကုန်သွားရင်လှူမဲ့သူတွေမရှိသေးဘူး ဒီအတွက် နောက်ထပ်အလှူရှင်တွေကို ရှာဖွေပြီး ကူညီပေးသွား၇မှာ ဖြစ်ပါတယ်ဟုမိန့်သည်။

လက်ရှိတွင် စစ်ဘေးရှောင် လူဦးရေ အရေအတွက်မှာွာသစ်ကျေးရွာတွင်အိမ်ထောင်စု ၅၁ စု(လူဦးရေ၂၀၇ ဦး) တပ်ပေါင်းချေကျေးရွာတွင်အိမ်ထောင်စု ၂၇ စု(လူဦးရေ၁၁၅ ဦး) လိုင်တလန်ကျေးရွာတွင်အိမ်ထောင်စု ၃၉ စု(လူဦးရေ၁၆၃ ဦး) နှင့် ရွာသာယာကျေးရွာတွင်အိမ်ထောင်စု ၂၁ စု(လူဦးရေ၁၀၅ ဦး) တို့ရှိပြီးဘုန်းကြီးကျောင်းများနှင့်နေအိမ်များတွင် ဖြန့်ခွဲနေထိုင်လျက်ရှိသည်ဟု သိ၇သည်။

သူတို့သည်အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် မြိတ်၀စစ်တပ်အခြေစိုက်စခန်းကို AAက ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် နောက်တစ်နေ့တွင် စစ်တပ်တပ်စခန်း အနီးဝန်းကျင်ကို စစ်တပ်ဘက်ကလည်းတိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့သည့် အတွက် လုံခြုံရေးစိုးရိမ်၍ထွက်ပြေးတိမ်းရှောင်လာခဲ့သူများဖြစ်သည်။

AA က တိုက်ခိုက်ခဲ့သည့်မြိတ်၀တပ်စခန်းသည် အိန္ဒိယနိုင်ငံ၊ မီဇူရမ်နယ်စပ်အနီးတွင်တည်ရှိပြီး စစ်ရေးအရအရေးပါသည့် ခြေကုတ်စခန်းတစ်ခုဖြစ်သည်။
ပလက်၀မြို့နယ်နှမဒါချောင်း၊ ရီးမ၀ကျေးရွာစသည့်နေရာများတွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ- အိန္ဒိယရောက်စစ်ဘေးရှောင် ၆၀၀ ခန့်အတွက် စားနပ်ရိက္ခာထောက်များထောက်ပံ့စဉ်နှင့်မြိတ်၀ဘက်မှ အိန္ဒိယဘက်သို့ ထွက်ပြေးလာခဲ့ကြစဉ်။ (Photo - Narinjara and မာဃလုလင်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.