နိရဉ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)မှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ယနေ့ နံနက် နာရီကျော်က အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့သည်။
ရက္ခိုင့်တပ်တော် (AA) ၏ သတင်းထုတ်ပြန်ချက်အ၇ ၎င်းစခန်းမှာ မောင်တောမြိုနယ်မြောက်ပိုင်း လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ခမ၇ (၃၅၂) တပ်ရင်း စခန်းကုန်းဖြစ်ကြောင်း ဖော်ပြသည်။
၎င်းစခန်းအား ယနေ့ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၆)နာရီ (၁ရ) မိနစ်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနံနက် (ရ) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း၇မိခဲ့သလို စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ်ဖမ်းဆီး၇မိခဲ့သည်ဟု သိ၇သည်။
စစ်ကောင်စီတပ်မှ ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ၇ဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တစ်နေကုန်လာရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀)အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက် ၇ယူနိုင်ခဲ့ပြီးနောက် ၎င်းစခန်းအားပြန်လည်ရယူရန်ကြိုးစားလျက်ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်၀ရှိနေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု သိ၇သည်။
ထိုသို့ ထိုးစစ်ဆင် တိုက်နေခိုက်နေစဉ်အတွင်း မောင်တောမြို့နယ်မြောက်ပိုင်းအတွင်းပိုင်း စစ်စခန်းတစ်ခုထပ်မံကျသွားခဲ့ခြင်း ဖြစ်သည်။