English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ပန်းမြောင်းဈေးမီးလောင်၊ အိမ်နှင့်ဆိုင်ခန်းအများအပြားမီးထဲပါ
စက်တင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :6223
ရခိုင် သတင်း
Breaking News
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၂
မင်းပြားမြို့နယ်၊ ပန်းမြောင်းဈေးတွင် ယနေ့ စက်တင်ဘာ ၁၁ ရက်၊ ညဉ့် ၁ နာရီခန့်က စတင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက
ပြောသည်။
ဒေသခံတစ်ဦးက "တစ်နာရီကျော်ကျော်လေးမှာ မီးလောင်တာပါ။ ဖုန်းဆိုင်တစ်ဆိုင်က စလောင်တယ်လို့ ပြောပါတယ်။ဆိုင်တန်းတစ်တန်းလုံး ပါသွားတယ်လို့ သိရပါတယ်။ ဒါတောင် မိုးရွာနေလို့ပါ မဟုတ်ရင် အားလုံးတစ်ရွာလုံး ပါသွားနိုင်တယ်"ဟု ပြောသည်။
မီးလောင်မှုကြောင့် အိမ်များနှင့် ဆိုင်ခန်အများအအပြား မီးထဲပါသွားသည်ဟု ပန်းမြောင်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
"တစ်နာရီကနေ စလောင်တာပါ။ ဆုံးရှုံးမှုကတော့ အများကြီးပါပဲ။ ကျမတို့ အဒေါ်မှာဆို အိမ်လည်းပါသွားတယ်။ ဆိုင်ကပစ္စည်းလည်း တစ်ခုမှ မ၇လိုက်တော့ပါဘူး။ ပါသွားတာ ခန့်မှန်းခြေ ဆိုင်ခန်း ၂၀ မကပါဘူး" ဟု နံနက် ၅ နာရီ ၁၅ မိနစ်က နိရဥ္စရာကို ပြောသည်။
လက်ရှိတွင် မီးငြိမ်းသွားပြီ ဖြစ်သော်လည်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များကို မသိရသေး၍ အခြေအနေအသေးစိတ်ကို တင်ပြနိုင်ခြင်းမရှိသေးပေ။
ထပ်မံရရှိသော သတင်းများကို ဆက်လက် တင်ပြပေးပါမည်။ ( NN-7)
(ဓာတ်ပုံ- Hnin Ei San/Hell Ran Shan Aung /Win Myat Nw
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.