Preview

အမ်းမြို့တွင် ရခိုင်ရဲအရာရှိ တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

စက်တင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :8315
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၁၁/ ၂၀၂၂

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ၇ခိုင်ပြည်နယ်အမ်းမြို့တွင် ရခိုင်လူမျိုးရဲအရာရှိတစ်ဦးကို  စစ်ကောင်စီ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ၇ဖ)ကဖမ်းဆီးထားသည်ဟုသိ၇သည်။

ဖမ်းဆီးစစ်ဆေးခံနေရသူမှာအမ်းမြို့မရဲစခန်းမှ ဒုတိယရဲစခန်းမှူးကို အသက်၄၀ ကျော်အရွယ် ရဲအုပ်သက်လှိုင်ဖြစ်သည်။

သူ့ကို ပြီးခဲ့သည့်စက်တင်ဘာလ၉ ရက် နံနက် ၁၀ နာရီခန့်တွင် စ၇ဖက ဖုန်းဖြင့်လှမ်းခေါ်သည့်အတွက်သွားရောက်ခဲ့ရာမှ ဖမ်းဆီးကာ စစ်ဆေးခံနေ၇ခြင်းဖြစ်ပြီး ယနေ့စက်တင်ဘာလ ၁၁ ရက် မွန်းတည့်ပိုင်းအထိ ပြန်လွတ်မြောက်လာခြင်းမရှိသေးဟုအမ်းမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

စစ်ဆေးစရာရှိတယ်။လာခဲ့ဦးဆိုပြီးတော့ စ၇ဖက ဖုန်းနဲ့ လှမ်းအကြောင်းကြားပြီးခေါ်သွားတာ။ လာပြီးတော့ ဖမ်းသွားတာတော့ မဟုတ်ဘူး။ ဘာတွေကိုစစ်ဆေးဖို့ခေါ်လဲ။ ဘာကြောင့် ဖမ်းဆီးထားလဲတော့ မသိ၇ဘူးဟု ၎င်းက ပြောသည်။

အမ်းမြို့မရဲစခန်းမှဒုတိယစခန်းမှူး ရဲအုပ်သက်လှိုင်သည် အမ်းမြို့နယ်၊ ရေမသိမ်ကျေးရွာမှ၇ခိုင်အမျိုးသားဖြစ်သည်ဟု သိ၇သည်။

သူသည်အမ်းမြို့မရဲစခန်းအနီး အမှတ်(၅)ရပ်ကွက်ရှိနေအိမ်တွင် မိသားစုနှင့်အတူနေထိုင်သူလည်းဖြစ်သည်။

သူဖမ်းဆီးစစ်ဆေးခံနေ၇သည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်၇သူ ဦးလှသိန်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူ၇တို့ကို ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်မ၇ခဲ့ပါ။

ပြီးခဲ့သည့်စက်တင်ဘာလ၆ ရက်ကလည်းအမ်းမြို့နယ်၊ မွှားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီတင်မောင်၊ ညောင်ချောင်းကျေးရွာမှပန်းချစ်သူထမင်းဆိုင်ပိုင်ရှင် ဦးဦးဝင်းအောင်နှင့် နောက်ထပ်တန်းတင်ကျေးရွာသားတစ်ဦးတို့ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)က တွေ့ဆုံ မေးမြန်းစရာရှိသည်ဟုဆိုပြီးခေါ်ယူဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများက ပြောသည်။

သူတို့ ၃ ဦးကိုလည်းယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးသလို မိသားစုနှင့်လည်း တွေ့ခွင့်မပေးသေးဟုဒေသခံများက ပြောသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.