နိရဥ္စရာ၊စက်တင်ဘာ ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ သမင်ခြေရာကျေးရွာမှ ဒေသခံတစ်ဦး မိုင်းနင်းမိကာ ခြေထောက် နှစ်ဘက်လုံးတွင်ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီးညာဘက်ခြေထောက်မှာ ပြတ်ထွက်သွားကြောင်းသိ၇သည်။
မိုင်းနင်းမိကာဒဏ်ရာရရှိသူမှာ သမင်ခြေရာကျေးရွာသား ဦးမောင်အေးစိန်ဖြစ်သည်။
ယနေ့စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီအချိန်တွင် မင်းပြားအခြေစိုက် ခမ၇ (၅၄၁) တပ်ရင်းအနီး ချောင်းကမ်းနားတွင်ကဏန်းရှာရန်သွားချိန်မိုင်းနင်းခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
လက်ရှိမင်းပြားဆေးရုံကို အရေးပေါ်ပို့ဆောင်ထားကြောင်း သမင်ခြေရာကျေးရွာသားတစ်ဦးက ပြောသည်။
"၉ နာရီလောက်မှာ မင်းပြားခမ၇ (၅၄၁) တပ်ရင်းနားက ချောင်းကမ်းနားမှာ ကဏန်းထောင်ဖို့သွားရင်း မိုင်းထိပြီး ခြေတစ်ချောင်းပြတ်သွားတယ်"ဟု ပြောသည်။
လက်ရှိတွင်ဒဏ်ရာပြင်းထန်သည့်အတွက် မင်းပြားဆေးရုံမှ လက်မခံ၍ မြောက်ဦးဆေးရုံကို ပို့ဆောင်ရန်စီစဉ်နေကြောင်းကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
စက်တင်ဘာလ(၈) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုကျေးရွာမှ ဒေသခံတစ်ဦး ဝါးသွားခုတ်ရင်း မိုင်းထိကာ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့သည်။
သြဂုတ်လ(၅) ရက်နေ့က မင်းပြားမြို့နယ် မြစ်နားရွာအနီး စစ်တပ်က တပ်စွဲထားသည့် တောင်နားကို ထင်းခွေသွားသည့်အမျိုးသား ၁ ဦးမိုင်းနင်းမိပြီး ခြေတစ်ဘက် ပြတ်ထွက်သွားခဲ့သည့်အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်းမောင်တောမြို့နယ် တရိန်း(မြို)ရွာမှ ဒေသခံတစ်ဦးလည်း မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၇ခိုင်မှာ ယခုနှစ်၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ၇ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းတွေအရ သိ၇သည်။
ရခိုင်တွင်မိုင်းပေါက်ကွဲမှုများမကြာခဏရှိနေပြီး ထိခိုက်သေဆုံးမှုများရှိနေ၍ စစ်တပ်တပ်စွဲထားသည့် နေရာအနီးဝန်းကျင်နှင့် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကိုသွားလာခြင်းမပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က သတိပေး ပြောဆိုထားသည်။(NN-7)