Preview

(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ

စက်တင်ဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :2163
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၁/ ၂၀၂၂

(၈၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်ရောက် ၇ခိုင်အမျိုးသားများက ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပူးပေါင်းကျင်းပခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ဂျပန်ရောက်၇ခိုင်အမျိုးသားများက ကျင်းပရေးကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး စုပေါင်းဦးဆောင်ကာကျင်းပခဲ့ခြင်းဖြစ်ကာ  ၎င်းအခမ်းအနားကို လူပေါင်း တစ်ရာကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

(၈၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့သည် စက်တင်ဘာ () ရက်ဖြစ်သော်လည်း ယနေ့တွင် ရုံးပိတ်ရက်ဖြစ်သဖြင့် ၇ခိုင်အမျိုးသားများ စုညီစွာတက်ရောက်နိုင်ရေးကို ရည်ရွယ်ပြီး  စက်တင်ဘာ၁၁ရက်နေ့တွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားကို ညနေ နာရီမှ နာရီထိ တိုကျိုမြို့  (Arakawa City) တွင် ကျင်းပခဲ့ကြသည်ဟု သိ၇သည်။

အခမ်းအနားတွင် အာရက္ခနိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုပြီး ဖွင့်လှစ်ကာ တက်ရောက်လာကြတဲ့ ခေါင်းဆောင်အသီးသီးမှ ဆရာတော်အားဂုဏ်ပြုစကားများဖြင့်ချီးမြှင့်ခဲ့ကြပါသည်။

ဆရာတော်နေ့ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ တစ်ဦးဖြစ်သူကိုသက်ထွန်းအောင်က ဆရာတော် ဦးဥတ္တမနေ့ကို ယခုလို ကျင်းပခြင်းက သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်းဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသရာလည်း ရောက်ပါတယ်။ ၇ခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တစ်တတ်တစ်အား သလောက် ပါဝင်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါတယ်ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်နေစဉ် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေး အတွက် အင်္ဂလိပ်နယ်ချဲ့တို့အား ဆန့်ကျင် တော်လှန်ရန် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ၇ဟန်းတော်တစ်ပါးဖြစ်သည်သာမက အင်္ဂလိပ်တို့အား မကြောက်တရားများ လှုံ့ဆော်ရေးသား ဟောကြားမှုကြောင့် ထောင်အကြိမ်ကြိမ် ချခံခဲ့၇သည့် ၇ဟန်းတော်တစ်ပါးလည်း ဖြစ်သည်။

အခမ်းအနားကျင်းပရေးကော်မီတီကိုယ်စား ကိုဘုန်းမြင့်မှ  ဆရာတော် ဦးဥတ္တမနေ့ ကျင်း၇ခြင်း ရည်ရွယ်ချက်အဖွင့်အမှာစကားကို ပြောကြားခဲ့ကြပြီး ကိုသက်ထွန်းအောင်၊ ကိုအောင်ကျော်မင်း၊ ဦးလှအေးမောင်၊ ကိုခင်မောင်အေးတို့က ဆရာတော်၏ ဂုဏ်ကျေးဇူးများကို ဟောပြောခဲ့ကြပြီး ကိုခင်မောင်ချင်းမှ ပွဲကျင်းပရေးကော်မတီကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.