သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင်စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများကိုတွေ့ဆုံရန်ဖိတ်ကြားပြီး ၂ ဦးကိုဖမ်းဆီးထားသည်မှာတစ်ပတ်ကျော်ကြာရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၂


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို စစ်တပ်က တွေ့ဆုံရန် ဖိတ်ကြားပြီး ယင်းအထဲမှ ဒိုင်းနက်နှင့် မူဆလင် ကျေးရွာအုပ်ချုပ်ရေးမှူး  ၂ ဦးကို  မ်းဆီးထားသည်မှာ ယခုအခါ စ်ပတ်ကျော်ကြာရှိနေပြီ ဖြစ်ပြီး အဆက်အသွယ်လည်း မရရှိသေး၍ စိုးရိမ်နေကြရသည်ဟု မိသားစုများက ပြောသည်။  

၎င်းအုပ်ချုပ်ရေးမှူး ၂ ဦးမှာ အသက် (၀) အရွယ် တပ်မင်းချောင်းကျေးရွာ ဒိုင်းနက်လူမျိုး အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှနှင့် အသက် (၆၀) အရွယ် မီးကျောင်းစျေး မူလဆင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်းတို့ဖြစ်သည်။
စက်တင်ဘာလ ၃ ရက်တွင် သူတို့ ၂ ဦးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးအား ဘူးသီးတောင် အခြေစိုက် ခမရ ၂၃၄ တပ်ရင်းမှ ဗျူဟာမှူးအစည်းအဝေးခေါ်သည်ဟု ဆိုကာ ခေါ်ဆောင်ပြီးနောက် ၎င်းတို့ နှစ်ဦးအား ခေါ်ယူ ဖမ်းဆီးထားလိုက်ခြင်း ဖြစ်သည်ဟု ၄င်းတို့နှင့်နီးစပ်သည့် ဘူးသီးတောင်မြို့ခံ တစ်ဦးက နိရဥ္စရာကို ပြောသည်။

"ဘာကြောင့်ခေါ်လဲဆိုတာကိုတော့ စစ်ကောင်စီပဲ သိမှာပါ။ အစည်းအဝေးတက်တဲ့နေ့ကတည်းက  ခေါ်ထားလိုက်တာလို့တော့ ပြောပါတယ်။ အခုဆိုရင် အစည်းအဝေးသွားတက်တဲ့ အုပ်ချုပ်ရေးမှူး ဖုန်းတွေလည်း ပိတ်ထားကြတယ်။ ဖုန်းတွေမှာ စစ်ဆေးပြီး ဘာတွေ ထည့်ပေးလိုက်လည်း ဘူးလေ။ ၂၃၄ မှာ ခေါ်စစ်တော့ ၂၃၄မှာပဲ ထိန်းသိမ်းထားမယ်ထင်တယ်။ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူးလို့ ပြောတယ်" ဟု ပြောသည်။

အဆိုပါဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့်အတူ အစည်းဝေးတက်ရောက်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ဘူးသီးတောင်မြို့နယ်မှ နန်းရာကုန်း၊ ပြင်ရှည်၊ စံညှင်းဝေ၊ လောင်းချောင်း၊ ငကျိုက်တောင်၊ မီးကျောင်းဂေါင်းစွဲ၊ ဝဒနာ၊ အင်းချောင်း၊ သရက်ကင်းမနူး၊ ဒါးပိုင်ဆရာ စသည့်ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

တပ်မင်းချောင်း ကျေးရွာသားတစ်ဦးက   ဒီနေ့ စက်တင်ဘာ ၁၂ ရက်နေ့ဆိုရင် သူတို့ကို ဖမ်းထားတာ ၉ ရက်ရှိသွားပါပြီ။ ပြန်မလွှတ်သေးပါဘူး။ သူတို့အတွက် စိုးရိမ်နေကြရပါတယ်ဟု ပြောဆိုသည်။

၄င်းအုပ်ချုပ်ရေးမှူး ၁ဝ ဦးကို စက်တင်ဘာလ ၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၂ ဦးကို ယခုထိ ပြန်လွှတ်မပေးသေး၍ မိသားစုများက အထူးစိုးရိမ်နေကြသည်ဟု သိရသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ ရပ်ကွက် (၇)ရက်မှ အုပ်ချုပ်ရေးမှူး (၇)ဦးနှင့် အဖွဲ့ဝင်တစ်ဦးစီကို ဗျူဟာမှူးက ယခုနှစ်အတွင်း အစည်းအဝေးခေါ်ခဲ့ဖူးသည်ဟု သိရသည်။
ရခိုင်တွင် ယခုနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး အရပ်သားများကို AA သံသယဖြင့်ဖမ်းဆီးမှုများရှိလာနေသလို ကျေးရွာအုပ်ချုပ်ရေးမှူးများကိုပါ လိုက်လံဖမ်းဆီးရှာဖွေမှုများရှိလာနေသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ