နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၂
ရခိုင်ပြည်နယ်မှဆေးတက္ကသိုလ်ဝင်ခွင့်၇ကျောင်းသူ၊ ကျောင်းသား ၃ ဦး၏လျှောက်လွှာများကို သက်ဆိုင်ရာစာတိုက်များက အချိန်မီမပေးပို့ခဲ့သည့်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့် မ၇ဘဲဖြစ်နေကြသည်ဟု သိ၇သည်။
ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်မ၇ဘဲဖြစ်နေကြသည့်ကျောင်းသူ၊ ကျောင်းသားများမှာ၇သေ့တောင်မြို့၊ ချောင်း၀ရပ်ကွက်မှ ဦးဇော်ဝင်းနှင့် ဒေါ်ခင်နှောင်းရီတို့၏သမီးမခင်ခင်ဇော်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှဦးသန်းဌေးအောင်နှင့် ဒေါ်မာရီအောင်တို့၏သား မောင်ဇော်ထက်ပိုင်နှင့်ဦးအေးရွှေဦးနှင့် ဒေါ်အောင်သန်းတင်တို့၏သား မောင်ဘုန်းမြင်နိုင်တို့ ဖြစ်ကြသည်။
သူတို့ ၃ ဦးအနက် ရသေ့တောင်မြို့မှမခင်ခင်ဇော်သည် ၇သေ့တောင်မြို့၊ အ.ထ.က (၂) မြို့မကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၆ ဘာသာဖြင့်သိပွံဘာသာတွဲနှင့် အောင်မြင်ခဲ့သူဖြစ်သည်။
သူမ၏၇မှတ်များမှာ မြန်မာစာ၇၅၊ အင်္ဂလိပ်စာ ၇၅၊ သင်္ချာ ၈၈၊ ဓာတုဗေဒ ၈၄၊ ရူပဗေဒ ၈၉၊ ဇီ၀ဗေဒ ၉၁ဖြစ်ပြီး စုစုပေါင်း၇မှတ် ၅၀၂ မှတ်ဖြင့်အောင်မြင်ခဲ့သူလည်း ဖြစ်သည်။
ထိုကျောင်းသူ၏၇မှတ်များနှင့်အတူဆေးတက္ကသိုလ်ဖြေခွင့်လျှောက်လွှာကို ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်တွင်ရသေ့တောင်မြို့ရှိ စာတိုက်တွင် တင်ထားခဲ့သော်လည်း ဆေးကျောင်းဖြေခွင့်ကျသည့်အထိလျှောက်လွှာကို စာတိုက်က မပို့ရသေးကြောင်းသိရသည်ဟုဆေးကျောင်းဖြေခွင့်လျှောက်ထားသူ ကာယကံရှင် မခင်ခင်ဇော်ကနိရဥ္စရာကိုပြောသည်။
“လျှောက်လွှာကလုံး၀မတင်ရသေးတာပါ။ ပညာရေးမှူးရုံးကိုလည်း အကူအညီတောင်းထားပါတယ်။ နေပြည်တော်ကိုပို့ပေးမယ်လို့တော့ပြောထားပါတယ်။ ဆရာဝန်မ တစ်ယောက်ဖြစ်ချင်ပါတယ်။ ဝါသနာပါတဲ့အရာတစ်ခုကိုမလုပ်ရတဲ့အတွက် စိတ်မကောင်းဖြစ်၇ပါတယ်"ဟု ပြောသည်။
လက်ရှိတွင် အုပ်ချုပ်ရေးမှူးရုံးများကလည်းအကူအညီဆောင်ရွက်ပေးနေကြပြီး သက်ဆိုင်ပညာရေးဌာနများကလည်းဖြေခွင့်၇အောင် အတတ်နိုင်ဆုံးလုပ်ပေးမည်ဆိုလျှင် ဝမ်းသာမိမည်ဟုလည်း ဆက်ပြောသည်။
အလားတူ ရမ်းဗြဲမြို့နယ်ကျောက်နီမော်ကျေးရွာမှ မောင်ဇော်ထက်ပိုင်နှင့် မောင်ဘုန်းမြင့်နိုင်တို့သည်လည်းကျောက်နီမော် အ.ထ.က စာစစ်ဌာနမှ ဂုဏ်ထူး (၄)ဘာသာဖြင့်အောင်မြင်ခဲ့သူများဖြစ်ကြသည်။
သူတို့ ၂ ဦးအနက်မောင်ဇော်ထက်ပိုင်၏ရမှတ်များမှာ မြန်မာစာ ၇၁၊ အင်္ဂလိပ်စာ ၆၅၊ သင်္ချာ ၈၉၊ဓါတုဗေဒ ၉၅၊ ရူပဗေဒ ၉၆၊ ဇီ၀ဗေဒ ၉၅၊ စုစုပေါင်း ၇မှတ်ပေါင်း ၅၁၁ မှတ်ဖြစ်သည်။
မောင်ဘုန်းမြင့်နိုင်၏ရမှတ်များမှာလည်းမြန်မာစာ ၇၂၊ အင်္ဂလိပ်စာ ၆၆၊ သင်္ချာ ၈၇၊ ဓါတုဗေဒ ၉၁၊ ရူပဗေဒ ၉၀၊ ဇီ၀ဗေဒ ၉၅၊စုစုပေါင်း ၇မှတ်ပေါင်း ၅၀၁ မှတ်ဖြစ်သည်။
သူတို့ ၂ ဦးသည်လည်းဆေးကျောင်းဖြေခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ရမ်းဗြဲမြို့စာတိုက်ရုံးခွဲတွင် ပေးပို့လျှောက်ထားခဲ့သည်ဟု သိ၇သည်။
သို့ရာတွင်ထိုလျှောက်လွှာများသည် ကျောက်ဖြူစာတိုက်တွင် သောင်တင်နေ၍ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်မ၇သည့်အတွက် အသနားခံစာတင်ရန်ထိုကျောင်းသား ၂ ဦးနှင့် ကျောင်းအုပ်ဆရာကြီးတို့သည် ရန်ကုန်သို့သွားရောက်နေကြရသည်ဟုရမ်းဗြဲမြို့ခံတစ်ဦးဖြစ်သူ ကိုကိုနိုင်က နိရဥ္စရာကို ပြောသည်။
"ကျောင်းသား ၂ယောက်နဲ့ သူတို့ ဆရာဦးထွေးစံနဲ့အတူ အခု ရန်ကုန် သွားနေပါတယ်။ အခြေအနေအ၇အဆင့်မြင့် ပညာဦးစီးဌာနသို့သနားခံစာနဲ့တင်မယ်လို့ပြောတယ်" ဟုပြောသည်။
၇ခိုင်လူငယ်များ၏အနာဂတ်သည် ၇ခိုင်ပြည်၏အနာဂတ်ဖြစ်ပြီးထိုကျောင်းသားများ ဆေးတက္ကသိုလ်ဝင်ခွင့် ဖြေဆိုခွင့်မရရှိခဲ့လျှင်သူတို့၏အနာဂတ်တစ်ခုလုံး နစ်နာပြီး လမ်းပျောက်သွားမည်စိုးရိမ်မိသည်ဟုလည်း ဆက်ပြောသည်။
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ပြီး ၇ခိုင်မှ ကျောင်းသူကျောင်းသား ၄၁၇၅၅ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၁၉၇၂၉ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိ၇သည်။
ယင်းအနက် စစ်တွေတွင်၈၈ ဦး၊ တောင်ကုတ်တွင် ၂၄ ဦး၊ သံတွဲတွင် ၁၄ ဦး၊ မြောက်ဦးတွင် ၁၂ ဦး၊မင်းပြားတွင် ၁၀ ဦး၊ ဘူးသီးတောင်တွင် ၁၀ ဦး၊ ပုဏ္ဏားကျွန်းတွင် ၇ ဦး၊ ကျောက်ဖြူတွင်၇ ဦး၊ ကျောက်တော်တွင် ၆ ဦး၊ မြေပုံတွင် ၄ ဦး၊ အမ်းတွင် ၄ ဦး၊မာန်အောင်တွင် ၄ ဦး၊မောင်တောတွင် ၃ ဦး၊ ပေါက်တောတွင် ၂ ဦး၊ ဂွတွင် ၁ ဦးစသည်ဖြင့်ရခိုင်တစ်ပြည်လုံးမှ ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့်၇သူ စုစုပေါင်း ၁၉၆ဦးရှိသည်ဟု သိ၇သည်။ (NN-13)