နိရဥ္စရာ၊စက်တင်ဘာ ၁၂/၂၀၂၂
မောင်တောမြို့နယ်မြောက်ပိုင်းမှ တမန်းသားကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ညဉ့်အချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသတင်း ရရှိသည်။
ယနေ့စက်တင်ဘာ ၁၂ ရက်နံနက် ညဥ့် ၂ နာရီတွင် တမန်းသားကျေးရွာမြောက်ဘက်မှ တောင်တန်းများကိုဂျက်တိုက်လေယာဉ်တစ်စီးနှင့် နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးကပြောသည်။
"ရွာမြောက်ဘက်တောင်နားတွေကို ပစ်ခဲ့တာပါ။ ရွာနဲ့ကနီးကပ်နေတာ အဲ့ဒီနေရာတွေက ရွာနဲ့ ၅ မိနစ်တောင်မသွား၇ဘူး။၅ မိနစ်၊ ၆ မိနစ်လောက်ရှိမယ်။ ပစ်တဲ့ကြာချိန်က ဂျက်လေယာဉ်နဲ့ တစ်ခေါက်လာပြီးသုံးလေးလုံးလောက် ဗုံးကြဲတယ်။ ပြီးတော့ ဝေ့ပျံသွားတယ်။ ပြန်လာပြီး ထပ်ပစ်ပါတယ်။ ရွာမှာတော့ထိခိုက်မှုတော့မရှိပါဘူး"ဟု ပြောသည်။
လက်ရှိဗုံးကြဲခံရသည့် တမန်းသားကျေးရွာအနီးတွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသလိုတိုက်ပွဲဖြစ်ပွားသည့် နေရာများနှင့်လည်း နီးစပ်မှုမရှိဘဲ တမင်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးရွာထဲတွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ဒေသခံများ စိုးရိမ်ကြောက်လန့်ခဲ့၇ကြောင်းနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"တိုက်ပွဲတွေဘာတွေလည်းဖြစ်တာမရှိပါဘူး။ စခန်းသိမ်းတဲ့နေရာတွေ တိုက်ပွဲတွေ ဖြစ်တဲ့နေရာတွေနဲ့လည်းဝေးပါတယ်။ ဒီရွာနားအနီးဝန်းကျင်ကိုလာပစ်တာပါ။ တခြား ဘယ်နေရာတွေကို ပစ်သေးလဲတော့ကျနော်မသိဘူး။ ညဘက်ကြီး ကြောက်လို့ အိမိအောက်ပြီး ဆင်းပုန်းနေ၇သေးတယ်" ဟု ပြောသည်။
တမန်းသားကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ၇၀၀၊ ၈၀၀ ခန့်ရှိသည်ဟု ၎င်းက ပြောကြားသည်။
ရက္ခိုင့်တပ်တော်(AA)ကစက်တင်ဘာလ (၁၀) ရက်၊ မနက် (၆)နာရီ (၁၇) မိနစ်လောက်မှာ မောင်တော မြို့နယ်မြောက်ပိုင်း ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)က စစ်ကောင်စီတပ်ခမ၇ (၃၅၂) တပ်ရင်း စခန်းကုန်း ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားကျဆုံးကာသုံ့ပန်းဖမ်းဆီးရမိမှု၊ လက်နက်ခဲယမ်းများသိမ်းဆည်း၇မိမှုကို ထုတ်ပြန်ခဲ့သည်။
သြဂုတ်လ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှ မိုင်တိုင်(၄၀) နယ်ခြား စောင့်တပ်စခန်းကို AAက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းအများအပြားသိမ်းဆည်း၇မိခဲ့ကာ စစ်ကောင်စီတပ်သား အများအပြားကျဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်ကလည်းစခန်းပြန်လည်ရရှိရေး စစ်ရဟက်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခဲ့ပြီးဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ စစ်လေယာဉ်များကျူးကျော်ဝင်ရောက်လာမှုနှင့် လက်နက်ကြီး ကျရောက်မှုတို့ကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၃ ကြိမ်တိုင်တိုင် သတိပေးခြင်းကို ခံထားရကြောင်း သိ၇သည်။(NN-7)
(ဓာတ်ပုံ- တိုက်ပွဲနှင့် သက်ဆိုင်မှု မရှိပါ)