နိရဥ္စရာ၊ စက်တင်ဘာ ၁၂/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဧည့်စာရင်းစစ်မှုကိုအကြောင်းပြပြီးစစ်ကောင်စီတပ်ကအရပ်သားများကိုဖမ်းဆီးမှုမှာတစ်နေ့ထက်တစ်နေ့တိုးများလာနေသည်ဟုသတင်းရရှိသည်။
စက်တင်ဘာ၁၁ရက်နေ့ညတွင်ဧည့်စာရင်းဝင်စစ်မှုကိုအကြောင်းပြပြီးကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ ကိုဖြိုးမင်းထွန်း (ခ)ကိုဖြိုး၊ ၇ခိုင်ပိုက်ဆိပ်မှ ဦးစိုးဝင်းနိုင်၊ ကုလဘာတောင် ရပ်ကွက်မှ ဦးဝင်းအောင်တို့ကို ကျောက်ဖြူအခြေစိုက်တပ်ရင်း(၃၄)ကဖမ်းဆီးသွားခဲ့သည်ဟုသိ၇သည်။
ဖမ်းဆီးခံ၇သူ၃ဦးအထဲကအသက် ၂၉ နှစ်အရွယ်ရှိ ကိုဖြိုးမင်းထွန်း (ခ) ကိုဖြိုးကို ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်တွင် နေအိမ်သို့ဧည့်စာရင်းလာစစ်စဉ် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူမအေးအေးနိုင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
''ည ၁၁ နာရီလောက် ဧည့်စာရင်းလာစစ်တယ်။ ကိုဖြိုးရှိလားမေးတယ်။ ရှိတယ်ဆိုရင်တော့ ခေါ်လိုက်ပါလို့ ပြောတယ်။ မေးစရာရှိလို့ တစ်ညလောက်ခေါ်သွားမယ်။ မနက်လင်းရင် ပြန်လွှတ်ပေးမယ်ပြောပြီး အခုထိ ပြန်မလွှတ်ပေးသေးပါဘူး''ဟု နိရဥ္စရာ သို့ပြောသည်/
ကိုဖြိုးမင်းထွန်း (ခ)ကိုဖြိုးကို ခလ၇ (၃၄) တပ်ရင်းမှ ဗိုလ်မှူးတင်အောင်ကျော်နှင့်အဖွဲ့က ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူးက နိရဥ္စရာကို အတည်ပြုပြောဆိုသည်/
''မနေ့ကညက သူတို့ဖမ်းပြီးလို့ ည၁၁ နာရီလောက်မှာ ကျွန်တော့်ကိုဖုန်းဆက်လာတယ်။ မေးစရာရှိလို့ ခဏခေါ်သွားအုံးမယ်ဆိုပြီး။ ဖမ်းတာကရဲမပါဘူး။ ကျောက်ဖြူအခြေစိုက် ၃၄ တပ်ရင်းက ဗိုလ်မှူး တင်အောင်ကျော် ဦးဆောင်လာတာ ''ဟု ပြောသည်။ဖမ်းဆီးခံလိုက်၇သူ ကိုဖြိုးမင်းထွန်းသည် ရွှေငါးပျံကုမ္ပဏီတွင်လုပ်နေသူဖြစ်ပြီး အသက်(၁) နှစ်အရွယ် သမီးငယ်တစ်ဦးရှိကြောင်း သိ၇သည်။
နောက်ထပ် ဖမ်းဆီးခံ၇သူမှာကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက် ဦးစိုးဝင်းနိုင်ဖြစ်ပြီး ယမန်နေ့ည ၁၁ နာရီခန့်က စစ်တပ်မှဖမ်းသွားကြောင်း ရခိုင်ပိုက်ဆိပ်ရပ်ကွက် ဥက္ကဋ္ဌက နိရဉ္စရာသတင်းဌာနကိုပြောသည်။
'' မနေ့ညက ၁၁ နာရီလောက်က ဦးစိုးဝင်းနိုင်စစ်တပ်ကဖမ်းသွားတာပါ။အိမ်ကနေ ဖမ်းဆီးသွားတာလို့ ပြောပါတယ်။ သူ့အိမ်ကို ဧည့်စာရင်းသွားတော့ကျနော်တော့ မပါသွားပါဘူး''ဟု နိရဉ္စရာသို့ ပြောသည်။
တတိယမြောက် ဖမ်းဆီးခံ၇သူတစ်ဦးမှာကျောက်ဖြူမြို့ ၊ကုလဘာတောင်ရပ်ကွက်မှ အသက် (၅၃)နှစ် အရွယ် ဦးဝင်းအောင် ဖြစ်ကြောင်း သိ၇သည်။
ကုလာဘာတောင်ရပ်ကွက်က သူနှင့်နီးစပ်သူတစ်ဦးက'' သူ့ကိုမနေ့ည ၁၀နာရီခွဲခန့်လောက်မှာ ဖမ်းတာပါ။ ဧည့်စရင်းလာစစ်တယ်ပြော
၇ခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ဖမ်းဆီးခံ၇သူ ၇ဦးထက်မနည်းရှိနေပြီးနောက်ထပ်လည်းသတင်းမ၇ဘဲဖမ်းဆီးခံရသူများရှိနိုင်သည်ဟုလူမှုရေးလှုပ်ရှားဆောင်ရွက်နေသူများကပြောသည်။
စက်တင်ဘာ၇ရက်နေ့ကဖမ်းဆီးခံ၇သူ (၃) ဦးရှိပြီး ၎င်းတို့မှာ ကျောက်ဖြူမြို့ အစိုးရရပ်ကွက်မှဆလိုင်းကိုအေး(၄၃နှစ်)၊ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်(၂၉နှစ်)၊ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း (၄၂နှစ်)တို့ ဖြစ်သည်။
လက်ရှိရရှိသောသတင်းများအ၇စက်တင်ဘာ၇ရက်နေ့ ညက ၃ ဦး၊ ၉ရက်နေ့ညက ၁ ဦး၊စက်တင်ဘာ ၁၁ရက်နေ့ညက ၃ ဦး၊ စုစုပေါင်း ၇ ဦးခန့် ဖမ်းဆီးခံရထား၇သည်ဟု သိ၇သည်။
မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်(အေအေ)နှင့် ပတ်သက်သူများဟုသံသယရှိသည့်အရပ်သားများကိုလိုက်ဖမ်းနေရာလက်ရှိတွင်မြို့နယ်တိုင်းတွင်ဖမ်းဆီးခံရသူ ရာဂဏန်းထိရှိနေသည်ဟုသတင်းရရှိသည်။
ဖမ်းဆီးခံ၇သူများကိုစစ်ကြောရေးတွင်လူမဆံစွာညှဉ်းပမ်းနှိပ်စက်မှုများရှိနေသည်ဟုလည်းသတင်းများထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။