Preview

ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်မရခဲ့သူ ၇ခိုင်တွင်နောက်ထပ်ကျောင်းသား၊ကျောင်းသူ ၈ ဦးထပ်မံရှိလာ

စက်တင်ဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :8562
ရခိုင် သတင်း

နိရဉ္စရာ၊စက်တင်ဘာ ၁/၂၀၂၂

 

စာတိုက်များမှလျှောက်လွှာများကို အချိန်မီမပေးပို့ခဲ့သဖြင့် ၇ခိုင်ပြည်နယ်မှ ဆေးကတက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်မ၇သူ နောက်ထပ် ကျောင်းသား၊ကျောင်းသူ (၈) ဦး ရှိကြောင်းသတင်းရရှိသည်။

 

၎င်းတို့မှာကျောက်ဖြူမြို့နယ်က ၁ ဦး၊ ရမ်းဗြဲမြို့နယ်က ၁ ဦး၊ မြေပုံမြို့နယ်က ၁ ဦး၊ကျောက်တော် မြို့နယ်က ၁ ဦး၊ ဘူးသီးတောင် မြို့နယ်က ၄ ဦးဖြစ်ကြောင်း သိ၇သည်။

 

ယမန်နေ့ကနိရဉ္စရာသတင်းဌာနက ထုတ်ပြန်ပေးခဲ့သည့် ကျောင်းသား ကျောင်းသူ ၃ ဦးရှိပြီး၎င်းတို့မှာ ၇သေ့တောင်မြို့နယ်မှ ကျောင်းသူ တစ်ဦး၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်မှ ကျောင်းသား ၂ ဦးတို့ဖြစ်ကြပြီး လက်ရှိ အချိန်ထိ ရခိုင်ကဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့်မ၇ကြသည့် ကျောင်းသူ၊ကျောင်းသားများမှာ (၁၁) ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သိ၇သည်။

 

ရခိုင်တစ်ပြည်နယ်လုံးမှဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်များ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်၇သူမှာ ၁၉၆ ဦးရှိပြီး အထက် ဖော်ပြပါ ကျောင်းသား ကျောင်းသူ (၁၁) ဦးမှာဖြေဆိုခွင့်မရရှိခဲ့ဟု သိ၇သည်။

 

ဆေးကျောင်းဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရသူများမှာ ကျောက်ဖြူမြို့နယ်၊ အောင်လံအုပ်စု၊ ပဲ့တင်ရွာမှဦးဝေစိုးအောင် နှင့် ဒေါ်လှနု တို့၏ သားမောင်လှထွန်းကျော်ဖြစ်ပြီး သူ၏တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ ၇၃၊သင်္ချာ ၇၂၊ ဓါတုဗေဒ ၈၈၊ ရူပဗေဒ ၈၅၊ ဇီ၀ဗေဒ ၉၃ စုစုပေါင်း ၇မှတ်ပေါင်း၄၈၆မှတ်ဖြစ်သည်ဟုသိ၇သည်။

 

မောင်လှထွန်းကျော်သည်ကျောက်ဖြူမြိုနယ်၊ဂန့်ဂါ ၊ အ.ထ.က (ခွဲ)ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၄ဘာသာဖြင့် သိပ္ပံဘာသာတွဲနှင့် အောင်မြင်ခဲ့သူဖြစ်သည်။

 

နောက်ထပ်ဆေးကျောင်းဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်မရခဲ့သူ နောက်တစ်ဦးမှာ ရမ်းဗြဲမြို့နယ်၊လေးတောင်မြို့၊ အမှတ်(၁)မှ ဦးခင်မောင်ထွန်းနှင့် ဒေါ်အေးတင် တို့၏ သမီးမဆုမြတ်နွယ် ဖြစ်ပြီး သူမ၏၇မှတ်များမှာ မြန်မာစာ ၈၀၊အင်္ဂလိပ်စာ ၇၂၊ သင်္ချာ ၈၅၊ ဓါတုဗေဒ ၈ရ၊ ရူပဗေဒ ၈၆၊ ဇီ၀ဗေဒ ၉၀ စုစုပေါင်း၇မှတ်ပေါင်း ၄၉၃ မှတ်ဖြစ်သည်ဟုသိ၇သည်။

 

သူမသည်ရမ်းဗြဲမြို့နယ်၊လေးတောင်မြို့၊ (အ.ထ.က) ဇရပ်ပြင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုသိပ္ပံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးနှင့် ဖြေဆိုအောင်မြင်ခဲ့သည်ဟုသိ၇သည်။

 

မြေပုံမြို့နယ်၊ကမ်းထောင်ကြီးမှ ဦးအောင်ကျော်ဝင်းနှင့်ဒေါ်ခင်ယုတင်တို့၏ သားမောင်နိုင်းနိုင်းဖြစ်ပြီး ၎င်းသည်မြေပုံမြို့နယ်၊ကမ်းထောင်းကြီး အ.ထ.က ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်စာမေးပွဲကိုသိပွံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။ မောင်နိုင်းနိုင်း၏၇မှတ်များမှာ မြန်မာစာ၇၁၊ အင်္ဂလိပ်စာ ၇၂၊ သင်္ချာ ၈၅၊ ဓါတုဗေဒ ၈၉၊ ရူပဗေဒ ၈၇၊ ဇီ၀ဗေဒ ၉၁ စုစုပေါင်း၇မှတ်ပေါင်း ၄၉၅ မှတ်ဖြစ်သည်ဟုသိ၇သည်။

 

ကျောက်တော်မြို့နယ်ကျားနင်းကန်ကျေးရွာမှ ဦးမောင်ညွှန့်လှိုင်နှင့် ဒေါ်သန်းစိန်နု တို့၏သမီးမယုဇင်နွယ်သည်လည်း ဆေးကျောင်းဝင်ခွင့် စာမေးပွဲဝင်ခွင့်လျှောက်ထားခဲ့သော်လည်းဖြေဆိုခွင့် မရခဲ့ဟု သိ၇သည်။

 

မယုဇင်နွယ်၏၇မှတ်များမှာမြန်မာစာ ၆၃၊ အင်္ဂလိပ်စာ ၆၉၊ သင်္ချာ ၉၃၊ ဓါတုဗေဒ ၈၉၊ ရူပဗေဒ ၈၄၊ ဇီ၀ဗေဒ ၉၁စုစုပေါင်း ၇မှတ်ပေါင်း ၄၇၉ မှတ်ဖြစ်သည်ဟုသိ၇သည်။

 

မယုဇင်နွယ်သည်ကျောက်တော်မြို့နယ်၊ကျားနင်းကန်ကျေးရွာ၊အထက (ခွဲ)ကျောင်းမှ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ဂုဏ်ထူး ၃ဘာသာနှင့်အောင်မြင်ခဲ့သည်ဟု သိ၇သည်။

 

ဘူးသီးတောင်မြို့နယ်၊မီးရထားဆိပ် ရပ်ကွက်မှ ဦးဆော်လာမတ်အူလ္လာ နှင့် ဒေါ်ဆော်ယော်ဒါခါတူ တို့၏သားမောင်အုံမင်ဖါရုစ်၊ ဘူးသီးတောင်မြို့၊ အထက (ခွဲ) ကျောင်းက ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ၄ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။

 

၎င်း၏ရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ ၇၀၊ သင်္ချာ ၇၃၊ ဓါတုဗေဒ ၉၄၊ ရူပဗေဒ ၈၇၊ဇီ၀ဗေဒ ၈၉ စုစုပေါင်း ၇မှတ်ပေါင်း ၄၈၈ မှတ်ဖြစ်သည်ဟု သိ၇သည်။

 

ဦးလော်တိဖ်ခါန်နှင့်ဒေါ်ရူကီယာ တို့၏သမီး မခင်စန္ဒာဝင်းသည် ဘူးသီးတောင်မြို့၊ အထက (ခွဲ)၊ အလက(၂)ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို သိပွံဘာသာတွဲဖြင့် ၃ ဘာသာဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်ဟုသိရသည်။ မခင်စန္ဒာဝင်း၏ ရမှတ်များမှာ မြန်မာစာ ၇၂၊အင်္ဂလိပ်စာ ၇၁၊ သင်္ချာ ၇၈၊ ဓါတုဗေဒ ၈ရ၊ ရူပဗေဒ ၈၂၊ ဇီ၀ဗေဒ ၉၀ စုစုပေါင်း၇မှတ်ပေါင်း ၄၈၀ မှတ်ဖြစ်သည်ဟုသိ၇သည်။

 

ဦးနေဝင်းနှင့်ဒေါ်သန်းသန်းတို့၏ သမီးမမေရီသဇင်အောင်သည် ဆေးကျောင်းတက်ခွင့် လျှောက်ထားသော်လည်းဝင်ခွင့် ဖြေဆိုခွင့်မ၇ခဲ့ဟု ဆိုသည်။ သူမသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဘူးသီးတောင်မြို့၊ အ.ထ.က (ခွဲ)၊အ.လ.က (၂)ကျောင်းမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်၅ ဘာသာ ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။ သူမ၏ ရမှတ်များမှာ မြန်မာစာ ၇၅၊ အင်္ဂလိပ်စာ၆၃၊ သင်္ချာ ၈၂၊ ဓါတုဗေဒ ၈၉၊ ရူပဗေဒ ၈၇၊ ဇီ၀ဗေဒ ၉၅ စုစုပေါင်း ၇မှတ်ပေါင်း ၄၉၁မှတ်ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်မှ မမေရီသဇင်အောင်သည်။

 

ဘူးသီးတောင်မြို့နယ်၊ကကျက်ဘက်ကျေးရွာမှ ဦးမာမတ်နုရ် နှင့် ဒေါ်တာဟေရာတို့၏ သား မောင်ရာဂျီစ်ခါန်သည်လည်းဆေးကျောင်းဝင်ခွင့် စာမေးပွဲလျှောက်ထားသော်လည်း စာမေးပွဲ ဖြေဆိုင်ခွင့် မရခဲ့ဟုသိရသည်။ ဘူသီးတောင်မြို့နယ်မှ မောင်ရာဂျီစ်ခါန်သည် ဘူးသီးတောင်မြို့နယ်၊ အ.ထ.က(ခွဲ)အ.လ.က (၂) ကျောင်းမှ တက္ကသိုလ်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် ၄ဘာသာဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်ဟုသိ၇သည်။

 

မောင်ရာဂျီစ်ခါန်၏၇မှတ်များမှာမြန်မာစာ ၆၂၊ အင်္ဂလိပ်စာ ၅၇၊ သင်္ချာ ၈၆၊ ဓါတုဗေဒ ၈၈၊ ရူပဗေဒ ၈၅၊ ဇီ၀ဗေဒ ၉၃စုစုပေါင်း ၇မှတ်ပေါင်း ၄၇၁ မှတ်ဖြစ်သည်ဟုသိ၇သည်။

 

ယခုကိစ္စနှင့်ပတ်သတ်ပြီး ကျောက်ဖြူမြို့နယ်၊ အ.ထ.က (ခွဲ) ဂန့်ဂါကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးစိုးဝင်းအောင်က " ကျွန်တော်တို့ကတော့အချိန်မမီလိုက်တဲ့ ကျောင်းသား ကျောင်းသူ အတွက် နောက်တစ်ခေါက် အနေနဲ့ကလေးတွေရဲ့ဘ၀တစ်လျှောက်မှာ ကြိုးစားမှုရလဒ်ကို အဆုံးအဖြတ်ပေးဖို့ အတွက်၊ နောက်ထပ်အခွင့်အရေးပေးစေချင်ပါတယ်။ စဥ်းစားပေးစေချင်ပါတယ်" ဟုနိရဉ္စရာ ကို ပြောသည်။

 

ဆေးကျောင်းဝင်ခွင့်စာမေးပွဲ ဖြေဆိုင်ခွင့်၇သူ ကျောင်းသားကျောင်းသူများမှာ စစ်တွေမြို့နယ်က ၈၈ ဦး၊ တောင်ကုတ်မြို့နယ်က၂၄ ဦး၊ သံတွဲမြို့နယ်က ၁၄ ဦး၊ မြောက်ဦးမြို့နယ်က ၁၂ ဦး၊ မင်းပြားမြို့နယ်က ၁၀ ဦး၊ဘူးသီးတောင် မြို့နယ်က ၁၀ ဦး၊ ပုဏ္ဍားကျွန်းမြို့နယ်က ရ ဦး၊ ကျောက်ဖြူမြို့နယ်က ၇ဦး၊ မြေပုံမြို့နယ်က ၄ ဦး၊ အမ်းမြို့နယ်က ၄ ဦး၊ မာန်အောင်မြို့နယ် ၄ ဦး၊ မောင်တောမြို့နယ်၃ ဦး၊ ပေါက်တောမြို့နယ်က ၂ ဦး၊ ဂွမြို့နယ်က ၁ ဦးတို့ ဖြစ်ကြသည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.