Preview

ရာမောင်တံတားအနီး ပစ်ခတ်ဖမ်းဆီးခံရသည့်ဒေသခံနှစ်ဦးကို စစ်ကြောင်းတစ်ခုကမင်းပြားသို့ခေါ်ဆောင်သွား၊ မိသားစုကအမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို

စက်တင်ဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :7985
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၂


၇ခိုင်ပြည်နယ်၊ မင်းပြားမြို့ ရာမောင်တံတားအနီးတွင် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဒေသခံနှစ်ဦးကို စစ်ကြောင်းတစ်ခုက မင်းပြားမြို့သို့ခေါ်ဆောင်သွားပြီးနောက် မိသားစုများက သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

၎င်းတို့နှစ်ဦးအနက်ပေါင်တွင်ကျည်ဆံထိမှန်သူကို စစ်သားများကထမ်းယူကာ ကျန်တစ်ဦးကို စစ်ကြောင်းနှင့်အတူ က်တင်ဘာ ၁၃ ရက် ညနေ နာရီခန့်တွင် စစ်တပ်ရင်းတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း မိသားစုများက ပြောသည်။

၎င်းတို့ နှစ်ဦးအနက် ဒဏ်ရာ တစုံတရာမရရှိခဲ့သူမှာ မင်းပြားမြို့နယ် မြစ်နားရွာကျေးရွာမှ ဦးမောင်သန်းအောင် (၄၇ နှစ်) ဖြစ်သည်။

ဦးမောင်သန်းအောင်၏ အစ်ကိုဖြစ်သူဦးကျော်သာဦးက သူ့၏ညီဖြစ်သူမှာ အပြစ်တစုံတရာ မရှိသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်သည်ဟု  နိရဉ္စရာကို ပြောသည်။

"ကျနော့်ညီဟာ ၁၃ နှစ်သားကနေ မောင်ရှင်ဘ၀ကနေ ၇ဟန်းဘ၀အထိဖြစ်ပြီးမှ ကရင်ဘက်မှာ အိမ်ထောင်ကျနေတာပါ။ အခု အဖေနေမကောင်းလို့ လာကြည့်တာ တစ်လလောက်ပဲ ရှိပါသေးတယ်။ ပြန်ဖို့အတွက် ကားလက်မှတ်ခံထားတာ မပြန်ခင် တစ်ရက်မှာ အခုလို ဖြစ်ပျက် သွားတာပါ။ တရားဥပဒေနဲ့ အညီ  အရေးယူဆောင်ရွက်ဖို့ လိုလားပါတယ်။ သူတို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ဖြစ်ဖြစ် အပြစ်ရှိရင်တော့ခံ၇မယ်။ စစ်ဆေးရင်တော့ အပြစ်ရှိမရှိ သိလာမှာပါ။ အပြစ်မရှိဘဲနဲ့တော့ ပြန်လွှတ်ပေးစေချင်တယ်။ ကရင်က ကျွန်တော်ညီရဲ့ မိသားစုတွေလည်း လိုလားနေကြပါတယ်"ဟု ပြောသည်။

ဦးမောင်သန်းအောင်မှာ ဖခင်နေမကောင်းသည့်အတွက် ကရင်ပြည်နယ်က ၇ခိုင်ကို ရောက်ရှိနေသည်မှာ တစ်လခန့်သာ ရှိသေးကာ ကရင်ပြည်နယ်သို့ ပြန်ရန် တစ်ရက် အလိုတွင် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်၍ အပြစ်မရှိသည့်အတွက် အမြန်ဆုံး ပြန်လွှတ် ပေးစေလိုကြောင်း ဦးကျော်သာဦးက နိရဉ္စရာကို ဆက်လက် ပြောသည်။

၎င်းတို့နှစ်ဦးအား ဖားပြိုတောင်ကုန်းထက်မှ မင်းပြားသို့ ခေါ်ယူသွားခဲ့သော်လည်း မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိ၇သေးဟု ပြောဆိုသည်။

"ကျနော့် ညီကတော့ ဘာမှဒဏ်ရာမ၇ပါဘူး။ မနေ့က ငါးစရိုင်းချောင်း ဖားပြိုတောင်ကုန်း တပ်ကနေ မင်းပြားကို ခေါ်သွားပါပြီ။ ဒါပေမယ့် မင်းပြားဘယ်တပ်ကိုခေါ်သွားတာလဲ မသိရေသးပါဘူး။ သေနတ်ဒဏ်ရာနဲ့တစ်ယောက်ကိုတော့ သူတို့ထမ်းခေါ်သွားတယ်။ ကျနော့်ညီကိုတော့ လက်ထိပ်ခတ် ကြိုးချည်ပြီး ခြေကျင် ခေါ်သွားတာကို မြင်လိုက်၇ပါတယ်"ဟု ပြောသည်။ပေါင်တွင်သေနတ်ထိမှတ်သူတစ်ဦးမှာ ပန်းမြောင်းဘက်က ဖြစ်ကြောင်း သိရှိ၇သည်ဟု ၎င်းက ပြောဆိုသည်။

၎င်းဒေသခံနှစ်ဦးကို စက်တင်ဘာ ၁၀ ရက် နံနက် နာရီခန့်က မင်းပြား ရာမောင်တံတားအနီး တောင်ကုန်းမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံအရပ်သားများကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့နှစ်ဦးစီးလာသည့်ဆိုင်ကယ်ကိုပစ်ခတ်ကာ ဖမ်းဆီးခဲ့သည့် အတွက် တစ်ဦးမှာ ပေါင်တွင်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကာ နှစ်ဦးလုံးကို စစ်တပ်တပ်စွဲထားသည့် တောင်ထက်ကိုဖမ်းခေါ်သွားခဲ့သည်။

မိသားစုဝင်များအနေနှင့် ရဲစခန်းတွင် အမှုဖွင့် တရားစွဲခြင်းမျိုးမဟုတ်ဘဲ စစ်တပ်တပ်ရင်းတွင် ဖမ်းဆီးထားသည့်အတွက် စိုးရိမ်ပူပင်ပြီး ၎င်းတို့ကို တရားဥပဒေနှင့် အညီသာ လုပ်ဆောင်သင့်ကြောင်းနှင့် အပြစ်တစ်စုံတစ်ရာမရှိလျှင် အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း မိသားစုဝင်များက ဆိုသည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော်(AA) နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ လူနေအိမ်များကို ဝင်ရောက် စစ်ဆေး ဖမ်းဆီးခြင်း၊ လမ်းများမှာလည်း ဒေသခံများ၏ ဖုန်းနှင့် ဆိုင်ကယ်များကို တင်းတင်းကျပ်ကျပ်စစ်ဆေးမှုတို့ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။(NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.