နိရဥ္စရာ၊ စက်တင်ဘာ ၁၅/ ၂၀၂၂
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ၇ခိုင်ပြည်နယ် အမ်းမြို့တွင် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စ၇ဖ)က ဖမ်းဆီးခဲ့သည့် အသက် ၄၀ အရွယ် ရခိုင်လူမျိုးရဲအရာရှိ ရဲအုပ်သက်လှိုင်သည် ၆ ရက်ကြာစစ်ဆေးခံခဲ့၇ပြီးမှ ယမန်နေ့က ပြန်လွတ်လာပြီဟု သိ၇သည်။
၎င်းသည် အမ်းမြို့မရဲစခန်းမှ ဒုတိယရဲစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေစဉ် စက်တင်ဘာ ၉ ရက်နေ့က စ၇ဖမှ ဖုန်းဖြင့် ခေါ်ဆောင်ဖမ်းဆီးခြင်းကို ခံခဲ့၇သည်။
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ရဲအုပ်သက်လှိုင် လွတ်မြောက်လာခဲ့သည်ဟု အမ်းမြို့မရဲစခန်းနှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။
“လွတ်လာတာ ဟုတ်ပါတယ်။ ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေးပြန်လွတ်လာတာပါ”ဟု ပြောသည်။
မည်သည့်အကြောင်းအရာများအား စစ်ဆေးခံခဲ့၇သည်ကိုသိလို၍ ရဲအုပ် သက်လှိုင်အား နိရဥ္စရာက ဆက်သွယ်ခဲ့ရာ ၎င်းမှာ အပြင်သို့ထွက်သွားသည်ဟု အမ်းမြို့ရဲစခန်းမှ ဖုန်းကိုင်သူတစ်ဦးက ဖြေဆိုခဲ့သည်/
ရဲအုပ်သက်လှိုင်သည် အမ်းမြို့နယ်၊ ရေမသိမ်ကျေးရွာမှ ၇ခိုင်အမျိုးသားဖြစ်ပြီး အမ်းမြို့မရဲစခန်းအနီး အမှတ်(၅)ရပ်ကွက်ရှိနေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်သည်။
၇ခိုင်တွင် ယခုနောက်ပိုင်း တိုက်ပွဲများပြင်းထန်လာသည့်အတွက် ရခိုင်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွင်းမှ ရခိုင်လူမျိုးအရာရှိများကို စစ်တပ်နှင့် စ၇ဖတို့က ခေါ်ယူစစ်ဆေးမှုများရှိလာနေသည်ဟု သိ၇သည်။