Preview

ပန်းမြောင်း မီးဘေးသင့်ပြည်သူများ၏ဘ၀ ပြန်လည်ထူထောင်ရေး အကူအညီများလိုအပ်နေ

စက်တင်ဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :3255
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၅/


၂၀၂၂မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ ဈေးမီးလောင်မှုကြောင့် အိမ်နှင့် ဆိုင်များ ဆုံးရှုံးသွားခဲ့၇သည့် မီးဘေးသင့်ပြည်သူများ၏ ဘ၀ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

 

မီးဘေးအတွင်း ကျပ်သိန်း နှစ်ထောင်ဖိုးခန့် ဆုံးရှုံးခံလိုက်၇သည့် စက်နှင့်စက်ပစ္စည်းဆိုင်ပိုင်ရှင် ဦးမောင်လှမြင့်က " ကျနော်တို့မှာက ဆုံးရှုံးမှုက သိန်းနှစ်ထောင်လောက်ပါသွားတာဆိုတော့ တစ်ကနေ ပြန်စ၇တော့မှာပါပဲ။ပစ္စည်းတွေကလည်း ကျနော့မှာ စက်နဲ့ စက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းလည်း ရောင်းတယ်။ အကုန်မီးထဲပါသွားတာကိုး။ ပိုက်ဆံလည်း ရှိတာမှမဟုတ်ဘူး။ အကုန်မီးထဲ ပါကုန်ပြီ။ ဘာမှလည်း မပြောချင်တော့ပါဘူးဟု ပြောသည်။

 

ပန်းမြောင်းရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ကျေးရွာကြီး တရွာဖြစ်ပြီး ရွာရှိဈေးမှာလည်း ဒေသအတွင်း အကြီးဆုံးဈေးတစ်ဈေးဖြစ်သည်ဟု သိ၇သည်။ စက်တင်ဘာ ၁၁ ရက် နံနက် အစောကြီး ညဉ့် နာရီခန့်တွင် ပန်းမြောင်းဈေးမီးစတင်လောင်ခဲ့ပြီး  မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး၊ ဆိုင်ခန်း ၃၅ ခန်း မီးလောင်ကျွမ်းသွားခဲ့ကာ လူပေါင်း ၆၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့၇သည်။

 

အိမ်တွေ၊ ဈေးဆိုင်ခန်းတွေ  မီးလောင်ဆုံးရှုံးသွားတော့ အကုန်လုံးအခက်အခဲ ဖြစ်နေ၇ပြီ။ လောလောဆယ်တော့ ဘာမှ ဖြေရှင်းနိုင်မှုမရှိသေးဘူး။ လက်ရှိမှာတဲထိုးနေ၇တဲ့  အနေအခြေပါ။ လူကယ်ပြန် ငွေနှစ်သိန်းနဲ့ကတော့  ဘာလုပ်လို့၇မှာလဲ။ အခု နေစရာအိမ်တောင် မရှိတော့ဘူး။ ပစ္စည်း/အိမ် အကုန်ပါသွားတာ။ တဲထိုးပြီး တာပေါ်လင်မိုးနေ၇မယ့် ဘ၀ရောက်သွားပါပြီ"ဟု ၎င်းက ပြောသည်။

 

မီးဘေးသင့်ပြည်သူများ၏ နေအိမ်များဆုံးရှုံးသွားမှုအတွက်  စစ်ကောင်စီ လူကယ်/ပြန်က ဝါးထရံကာအိမ်တစ်အိမ်အတွက် ကျပ် သိန်း၊ တိုက်အိမ်အတွက် ငွေကျပ် သိန်းနှင့် အဝတ်အစား၊ စောင်၊ အိုးခွက်ပန်းကန်များကို နေအိမ် ၁၄ ဆောင်အတွက် ထောက်ပံ့ပေးခဲ့ပြီး ကျန်သည့် ဈေးဆိုင်ခန်းဆုံးရှုံးသွားသူများကို ထောက်ပံ့ ကူညီမှုတစ်စုံတစ်ရာ မရှိသေးကြောင်း ပန်းမြောင်းရွာ ဥက္ကဋ္ဌက ပြောသည်။

 

ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး သိန်းပေါင်း သောင်းကျော်လောက် ပန်းမြောင်းကျေးရွာ ဥက္ကဋ္ဌက နိရဉ္စရာသတင်းဌာနကို ပြောသည်။ သို့သော် ရခိုင်ပြည်နယ်အစိုး၇အဖွဲ့က ကျပ်သိန်း ၈၀၀ ကျော်ဖိုးသာ ဆုံးရှုံးမှုရှိခဲ့သည်ဟု ၎င်းတို့ထုတ်ဝေသည့် သတင်းတွင် ဖော်ပြသည်။

 

မီးသည် လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်က ဝါယာရှော့ခ်ဖြစ်ကာ လောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုပြီး လူအထိအခိုက် မရှိခဲ့သော်လည်း မီးလောင်ပျက်စီးသည့် အထဲတွင် စားသောက်ကုန် ဆိုင်ကြီးများ၊ စက်ပစ္စည်းဆိုင်ကြီးများ ပါဝင်သည့်အတွက် ဆုံးရှုံးမှုများပြားသည်ဟု သိ၇သည်။

 

လက်ရှိတွင် မီးဘေးသင့်ပြည်သူများကို ပြန်လည်နေရာချထားရေး၊ ဘ၀ရပ်တည်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး၊ လက်ရှိ စားဝတ်နေရေးတို့ကို ဖြေရှင်းရေးစသည့် အခက်အခဲရှိနေကြောင်း မီးဘေးသင့်ပြည်သူများက ပြောသည်။

 

လက်ရှိမှာ မီးစတင်လောင်ကျွမ်းသည့်ဆိုင်မှ မိသားစုဝင်များမှာ မီးလောင်မှုဖြစ်သည့် နေ့ကတည်းကတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း သိ၇သည်။ (NN-7)

 

(ဓာတ်ပုံ- ပန်းမြောင်းဈေးမီးလောင်ကျွမ်းပြီးနောက် မြင်ကွင်း)

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.