၇ခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီအထောက်အပံ့များပေးနေသည့် NGO ၊INGO များကိုရခိုင်ရှိ မြို့နယ် ၆ မြို့နယ်သို့ သွားလာထောက်ပံ့ခွင့်ကို စစ်ကောင်စီကပိတ်ပင်လိုက်ပြီဟု သိ၇သည်။
အဆိုပါ NGO ၊ INGO များကိုရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့်မြေပုံစသည့် မြို့နယ် ၆ ခုသို့ မနက်ဖြန်မှစတင်ကာသွားလာခွင့်ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု NGO ၊ INGO အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးကနိရဥ္စရာကို ပြောသည်။
“ဒါက မနက်ဖြန်ကနေစမယ်ထင်ပါတယ်။ဒီကနေ့တော့ အကြောင်းကြားတဲ့ပုံစံမျိုးပါ။ အဲဒီ ၆ မြို့နယ်မှာကျနော်တို့ စားနပ်ရိက္ခာတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို သွားရောက် ထောက်ပံ့လို့မ၇တော့ဘူးဆိုတဲ့သဘောပေါ့”ဟု ပြောသည်။
ရခိုင်ပြည်နယ်အစိုး၇အဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူ၇က ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင်အကြောင်းကြားလာခြင်းဖြစ်ပြီး မည်သည့်ကာလအထိ ပိတ်သွားမည်ဆိုသည်ကို မသိ၇ဟုလည်း NGO၊ INGO အသိုင်းအဝိုင်းကပြောသည်။
NGO ၊ INGO များသည် အဆိုပါ ၆မြို့နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများနှင့် မူဆလင်ဒုက္ခသည်စခန်းများအတွက်စားနပ်ရိက္ခာများနှင့် လူသုံးပစ္စည်းများကို ထောက်ပံ့နေကြခြင်းဖြစ်ရာယခုကဲ့သို့သွားလာထောက်ပံ့ခြင်းပိတ်ပင်ခံလိုက်၇သည့်အတွက် ပိုပြီးအခက်အခဲကျရောက်သွားနိုင်သည်ဟု၎င်းက ပြောသည်။
“အစကနေလည်း ကျနော်တို့ကတချို့နေရာတွေမှာလည်း သွားခွင့်မ၇ဘူး။ သွားခွင့်၇တဲ့ နေရာတွေကိုလည်း အဲလိုထပ်ပြီးသွားခွင့်မ၇ဆိုတော့ သူတို့တွေအတွက် ပိုပြီးတော့ အခက်အခဲဖြစ်ကြမယ်ပေါ့”ဟု ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကစစ်ဘေးရှောင်များနှင့် ဒုက္ခသည်များကို စားနပ်ရိက္ခာများ ထောက်ပံ့တတ်ပြီး ကျန် NGO နှင့် INGO အဖွဲ့များမှာလိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုပေးတတ်သည်ဟုကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတာဝန်ခံဦးအောင်ကျော်ဝင်းက နိရဥ္စရာကိုပြောသည်။
ယခုကဲ့သို့ NGO၊ INGO များကိုလာရောက်ထောက်ပံ့ခွင့်ပိတ်ပင်လိုက်သည့်အတွက် ၄င်းတို့စစ်ဘေးရှောင်စခန်းရှိစစ်ဘေးရှောင် ၄၀၀ ကျော်သည် အခက်အခဲအလွန်တရာဖြစ်သွားမည်ဟု ပြောသည်။
“အထောက်အပံ့ပေးတဲ့အဖွဲ့အစည်းတွေကို သွားလာခွင့်မပိတ်ဘဲနဲ့ခွင့်ပြုဖို့ရယ်၊ ပြီးတော့ သူတို့ကို သွားလာခွင့်မပေးဘူးဆိုရင်လည်း အစိုး၇က၊လူ/ကယ်/ပြန်က လစဉ် ဆန်ပေးမယ်ဆိုလည်း အဆင်ပြေမယ်။ အခုက သူတို့လည်း မပေးဘူး။ပေးတဲ့သူတွေကိုလည်း ပိတ်ပင်ဆိုတော့ အဆင်မပြေဘူးလေ”ဟု ပြောသည်။
လက်ရှိတွင်စစ်ဘေးရှောင်များသည် စစ်ကောင်စီလက်အောက်ခံ လူ/ကယ်/ပြန်ဌာနကထောက်ပံ့သည့်ဆန်ရိက္ခာမရရှိသည်မှာ ၅ လခန့်ကြာမြင့်နေပြီဖြစ်ပြီး WFP က လူတစ်ဦးလျှင်တစ်လစာထောက်ပံ့ငွေ ကျပ် ၁ သောင်း ၈ ထောင်ဖြင့် ညှာတာသုံးစွဲနေကြ၇သည်ဟု ဆိုသည်။
ရခိုင်ဒေသတွင်းသွားလာနေကြသည့် ရေယာဉ်များနှင့်ကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ရေးအတွက်အသုံးပြုလာနေသည့်အတွက် ယနေ့မှစတင်ကာ တားဆီးစစ်ဆေးတော့မည်ဟုရက္ခိုင့်တပ်တော်(AA)ကယမန်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ယင်းသို့ထုတ်ပြန်လိုက်ပြီးနောက် ရခိုင်ဒေသတွင်းပြေးဆွဲနေကြသည့်ရေကြောင်းခရီးစဉ်များအားလုံး ပြေးဆွဲခြင်းမပြုကြရန် စစ်ကောင်စီကလည်းတားမြစ်ပိတ်လိုက်သည်။
ယင်းအပြင် ယခုကဲ့သို့NGO ၊INGO များသွားလာခွင့်ကိုလည်း စစ်ကောင်စီက ထပ်မံတားမြစ်ပိတ်ပင်လာခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်၇သူ ဦးလှသိန်းတို့အား နိရဥ္စရာကဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မ၇ခဲ့ပါ။