နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၂
၇ခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီကတပ်ကူများပို့ပြီး အင်အား ဖြည့်တင်းနေချိန်အတွင်း ရက္ခိုင့်တပ်တော် (AA) က စစ်ရေးအရအရေးပါသည့် မီးတိုက် နယ်ခြားစောင့်တပ်စခန်းကို ယနေ့ညနေက ဝင်ရောက်တိုက်ခိုက်နေသည်ဟုခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရှိ၇သည်။
"မီးတိုက်စခန်းကို အေအေကဝင်တိုက်နေပါတယ်။ အခုထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ တိုက်ပွဲ အရမ်းပြင်းထန်နေပါတယ်" ဟု ပြောသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်မှစတင်ကာ ၅ နာရီခွဲအချိန်အထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း အနီးအနားရှိ ဒေသခံများကလည်း ပြောဆိုသည်။
လက်ရှိမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည်များလည်း အနီးအနား ကျရောက် ပေါက်ကွဲမှုရှိနေ၍ကျေးရွာသားများ တောထဲတွင်ထွက်ပြေးတိမ်းရှောင်နေရကြောင်း မီးတိုက်ကျေးရွာဒေသခံတစ်ဦးကပြောသည်။
"အခုထိပစ်ခတ်နေကြပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ကျနော်တို့ ပြေးနေရတယ်။အခုတောထဲမှာပါ။ အိမ်မှာလည်းနေလို့မရ။ ထမင်းလည်းမစား၇။ ကျနော်တို့မိသားစုအားလုံး တောထဲမှာပါ"ဟုညနေ ၅ နာရီခွဲက နိရဉ္စရာကို ပြောသည်။
မီးတိုက်တပ်စခန်းကို စက်တင်ဘာလ ၉ ရက်နေ့ကလည်း အေအေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဝင်ရောက်တိုက်ခိုက်ခြင်းမှာဒုတိယအကြိမ်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ယခုတိုက်ပွဲနှင့် ပတ်သက်ပြီးအတည်ပြုချက်ရယူနိုင်ရန် အေအေပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူ၇ကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။
ယနေ့တွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှ စစ်ကောင်စီတပ်စခန်းကိုအေအေဝင်ရောက်တိုက်မှု အပါအဝင် နေရာသုံးခုတွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်းသိ၇သည်။
ယင်းအပြင် ပလက်၀မြို့နယ် ဆမီးမြို့ အနီးရှိ ကျီး၀တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ယနေ့နံနက်ကစခန်းကိုစွန့်လွှတ်ကာ တပ်ဆုတ်ခွာသွားကြောင်း သိ၇သည်။
ယခုတိုက်ပွဲမှာ ပြင်းထန်ပြီးနှစ်ဘက်စလုံးက အထိအခိုက် အကျဆုံးများရှိနေကြောင်း ၎င်းဒေသခံကပြောဆိုသည်။
(NN-7)
(ဓာတ်ပုံ- မီးတိုက်ရွာ)