Preview

ပလက်၀မြို့နယ်မှသဲမ၀တပ်စခန်းနှင့် ကလက်ချောင်းထဲမှပွိုင့်ကုန်းတစ်ခုကို AA သိမ်းပိုက်

စက်တင်ဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :10609
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၂

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ သဲမ၀စခန်းကုန်းနှင့် ကလက်ချောင်းထဲရှိ ပွိုင့်ကုန်းတစ်ခုတို့ကို ရက္ခိုင့်တပ်တော် (AA) ယနေ့တွင် ထပ်မံသိမ်းပိုက်လိုက်သည်ဟု သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်အစောပိုင်းမှ စတင်ကာ အေအေက သဲမ၀စခန်းကုန်းကို တိုက်ခိုက်ခဲ့ပြီး  နေ့လယ် နာရီ၄၅ မိနစ်တွင် ၎င်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု အေအေနှင့် နီးစပ်သော ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခု ပြောဆိုသည်။

၎င်းပြင် ကလက်ချောင်းထဲမှ ပွိုင့်ကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

"သဲမ၀တပ်စခန်းကို ဒီနေ့ နာရီ ၄၅ မိနစ်လောက်မှာ သိမ်းနိုင်ခဲ့တယ်လို့ သိ၇ပါတယ်။ နောက်ပြီး (ကလက်ချောင်း)ထဲက စံသိန်းတိုင် ဗျူဟာကုန်းရဲ့ မြောက်ဘက်ပွိုင့်ကုန်းကိုလည်း သိမ်းနိုင်ခဲ့ပါတယ်။ မြန်မာစစ်တပ်အလောင်း ၃၀ ကျော်လောက်၇တယ်လို့ သိ၇ပါတယ်"ဟု ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများသိမ်းဆည်း၇မိခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်း ကျဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယခု သိမ်းပိုက်ရရှိခဲ့သော စခန်းကုန်းများနှင့် ဆိုလျှင် ပလက်၀မြို့နယ်တွင် အေအေသိမ်းပိုက်နိုင်ခဲ့သည့် စခန်းမှာ အနည်းဆုံး () ခု အထိရှိသွားပြီဟု သိ၇သည်။

ယခင်သိမ်းပိုက်ထားသည့် တပ်စခန်းများမှာ မြိတ်၀ကျေးရွာတပ်စခန်း၊ အဘောင်သားကျေးရွာအနီးမှ တပ်စခန်းကုန်း()ခု၊ နှမဒါချောင်းထဲရှိ သူဌေးကုန်း၊ လယ်လှကျေးရွာများအနီးရှိ တပ်စခန်း() ခုဖြစ်ပြီး ယနေ့သိမ်းပိုက်ခဲ့သည့် သဲမ၀တပ်စခန်းနှင့်  စံသိန်းတိုင်ဗျူဟာ မြောက်ဘက်ပွိုင့်ကုန်းအပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း () ခုအထိ လက်ရှိမှာ အေအေသိမ်းပိုက်ထားကြောင်း ၎င်းက ဆိုသည်။

"အရင်က သိမ်းထားတဲ့ စခန်း () ခုရယ်။ ဒီနေ့ သိမ်းတဲ့ စခန်း နှစ်ခုရယ်ဆိုရင်တော့ စုစုပေါင်း စခန်း()ခု ရှိပါပြီ။ တခြားတပ်စခန်းတွေတော့ ကျန်ရှိပါသေးတယ်။ သူတို့ဘက်ကလည်း ညဆိုရင် ဂျက်ဖိုက်တာတွေနဲ့ ကျချင်နေရာကျဆိုတာမျိုးလာပစ်တာတွေရှိတယ်။ သူတို့စခန်းတွေမှာ ပြန်ထိတာမျိုးလည်း ရှိပါတယ်" ဟု ပြောသည်။

ယနေ့တစ်ရက်တည်းတွင် ပလက်၀မြို့နယ်၌ နေရာသုံးခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ ကျီး၀တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည်လည်း ယနေ့နံနက်က စခန်းစွန့်ခွာကာ တပ်ဆုတ်သွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ယနေ့ ညနေပိုင်းတွင် မောင်တောမြို့နယ်မှ စစ်ရေးအရအရေးပါသည့် မီးတိုက်နယ်ခြားစောင့် အထိုင်စခန်းကိုလည်း အေအေက တစ်နာရီကျော်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိ၇သည်။

ရက္ခိုင့်တပ်တော် (AA)က စက်တင်ဘာလ (၁၀) ရက်မှာ  မောင်တော မြို့နယ်မြောက်ပိုင်း  စစ်ကောင်စီတပ် ခမ၇ (၃၅၂) တပ်ရင်း စခန်းကုန်း ကိုသိမ်းပိုက်နိုင်ခဲ့ပြီး  သြဂုတ်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်က မိုင်တိုင်(၄၀) နယ်ခြား စောင့်တပ်စခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.