နိရဥ္စရာ၊ စက်တင်ဘာ၁၅ /၂၀၂၂
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များကယနေ့ညနေပိုင်းတွင် ဖမ်းဆီးသွားခဲ့သည်ဟု သိ၇သည်။
AA က ဖမ်းဆီးသွားသူမှာအပေါက်၀ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၅ နှစ်ခန့်ရှိ ဒုရဲအုပ် (အမည်ကိုစုံစမ်းဆဲ)ဖြစ်သည်။
သူ့ကို ယနေ့စက်တင်ဘာလ ၁၅ ရက် ညနေ ၄ နာရီကျော်တွင် အပေါက်၀ရွာထွက်၀ ကားလမ်းမပေါ်၌ AA တပ်ဖွဲ့ဝင်အချို့ကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အပေါက်၀ရွာသားတစ်ဦးက ပြောသည်။
“သူက အပေါက်၀ကားဂိတ်ကလက်ဘက်ရည်ဆိုင်မှာ ထိုင်နေခဲ့သေးတယ်။ ဝတ်စုံနဲ့တော့မဟုတ်ဘူး။ အရပ်ဝတ်နဲ့။ပြီးတော့ ကျောက်တော်ဘက်ကို တစ်ယောက်တည်းထွက်သွားတယ်။ အဲဒီမှာသူ့ကိုခေါ်သွားတာ”ဟုပြောသည်။
ယင်းသို့ဖမ်းဆီးစဉ်ပြန်လည်ခုခံသည့်အတွက် အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သေးသည်ဟုလည်း ဆက်ပြောသည်။
ဖမ်းဆီးခံရသည့်ဒုရဲအုပ်တွင်လက်နက်များပါရှိသွားသလားဆိုသည်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍ မ၇သေးပါ။
သူသည် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ပြီးအပေါက်၀ရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည်မှာ မကြာသေးဟုလည်း သိ၇သည်။