နိရဉ္စရာ၊ စက်တင်ဘာ ၁၆/ ၂၀၂၂
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ အများပြည်သူ စားသုံးရန်မသင့်သည့် စားသုံးကုန်စာရင်းများထုတ်ပြန်ရာတွင်၇ခိုင်ပြည်ထုတ် စားသုံးကုန် (၅)မျိုးမှာ ကျန်းမာရေး ထိခိုက်စေနိုင်သည့် ဓါတုဆေးဝါးများသတ်မှတ်ပမာဏာထက် ပါဝင်နေသည်ကို တွေ့ရှိ၇သည်ဟု ဖော်ပြထားသည်။
အဆိုပါစားသုံးကုန်များမှာ Reserved Red peach.New Choice Palastic Pakc၊ စတော်ဘယ်ရီ အရသာ အချိုရည်ABC (rainbow)၊ခြင်္သေ့မင်းတံဆိပ် ငရုပ်ဆီ၊ LuckyTiger ငရုပ်ဆီ၊ ကိုကာကိုလာ အချိုရည် Sunlight တံဆိပ်တို့ဖြစ်သည်ဟုဆိုသည်။
ယင်းစားသောက်ကုန်ပစ္စည်းများမှာ Sodium Cyclamate နှင့် Benzoic acid ဓါတုဆေးများကို သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားကြောင်း တွေ့ရှိ၇သည်ဟု စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။
ယခုနှစ်ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓါတ်ခွဲစစ်ဆေးခဲ့သည့် အစားအသောက်နမူနာများမှ စားသောက်ရန် မသင့်ဟုစစ်ဆေးတွေ့ရှိသည့် အစားအသောက်များစာရင်း ဖော်ပြရာတွင် ယခုကဲ့သို့ ၇ခိုင်ပြည် စစ်တွေမြို့မှစားသောက်ကုန်စ(၅) မျိုး ပါဝင်လာခြင်းဖြစ်သည်။
ယခုထုတ်ပြန်ထားသည့် စားသောက်ကုန်များကို တာရှည်စားသုံးပါက အစာအိမ်၊ အသဲ၊ ကျောက်ကပ်နှင့်ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)ကထုတ်ပြန်ထားသည်။
ထုတ်လုပ်သူ၊ရောင်းချသူများအနေဖြင့် ခွင့်ပြုမထားသည့် ဆိုးဆေးများ၊ တာရှည်ခံဓါတုပစ္စည်းများကိုအသုံး မပြုရန်နှင့် ဓါတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုကြရန် ညွန်ကြားထားပြီးလိုက်နာမှုမရှိ ပါက အမျိုးသားအစားအသောက် ဥပဒေများနှင့် အရေးမည်ဟု အသိပေး ထုတ်ပြန်ထားကြောင်းသိရှိ၇သည်။