နိရဉ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၂
ယနေ့ နေ့လယ်က တောင်ကုတ်ချောင်းထဲတွင် ခုတ်မောင်းနေသည့်ရေတပ်ဇက်ရေယာဉ်ကို ရက္ခိုင်တပ်တော်(AA)က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး ၎င်းလက်နက်ကြီးကျည်မှာ ဇက်ရေယာဉ်ကိုထိမှန်ခဲ့သည်ဟု သိ၇သည်။
၎င်းရေယာဉ်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့သဖြင့် ဇက်ရေယာဉ်ပေါ်ကမီးခိုးများ ထွက်လာပြီး စက်ရပ်သွားကာ မကျည်းကျွန်းအနီးတွင် ထိုးရပ်သွားခဲ့သည်ဟု ဆိုသည်။
ပါလာသည့် စစ်ကောင်စီတပ်သားများကို တခြားဇက်ရေယာဉ် တစ်စီးဖြင့်ချိန်းကာ မာန်အောင်ကျွန်းဘက်သို့ ယူဆောင်သွားခဲ့သည်ဟု ဒေသခံ မျက်မြင်များက ပြောကြားသည်။
ဇက်ရေယာဉ်ကို လက်နက်ကြီးထိမှန်ခဲ့သော်လည်းစစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးရှိ မရှိကို မသိ၇သေးဟု ပြောဆိုသည်။
၎င်းဇက်ရေယာဉ်သည် တောင်ကုတ်မြို့ မှ စစ်သားများနှင့် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများကို တင်ဆောင်ပြီးတောင်ကုတ်ချောင်း အတိုင်း ထွက်ခွာလာစဉ် ရွှေလင်းယုန် သင်္ဘောဆိပ်ကမ်းအလွန် ဘီလူးကြီးတောင် (ငှက်ပျောချောင်း) အနီးတွင်ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က အေအေမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။
(လက်နက်ကြီးကျည်ထိမှန်သွားခဲ့သည့် ဇက်ရေယာဉ်ကို တွေ့၇စဉ်)