Preview

မြန်မာဘက်ကမော်တာကျည်ဆံ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကျ၍ ၁ဦးသေ၊ ၅ဦးဒဏ်ရာရ

စက်တင်ဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :3784
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ၁၆/၂၀၂၂

မြန်မာဘက်မှ ပစ်ခတ်သည့် မော်တာကျည်ဆန်များ နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ် ယ်မြေထဲကျရောက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ သောကြာနေ့တွင် မြန်မာနယ်စပ်ကို ဖြတ်ပြီး မော်တာကျည်ဆန်များသည် ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံးဒေသတွင် ကျရောက်ခဲ့ပြီး ၁ ဦးသေဆုံးကာ မြန်မာနိုင်ငံမှဒုက္ခသည်မူဆလင် ကလေးငယ်တစ်ဦး အပါအဝင် တခြားလူငါးဦးထက်မနည်းဒဏ်ရာများရရှိခဲ့သည်ဟု Dhaka Tribune က သတင်းဖော်ပြသည်။

သေဆုံးသူကို အမ်းဒီအီကဘေ (Md Iqbal) ၁၇ နှစ် ဖြစ်သည်ဟု ဖော်ပြသည်။

သေဆုံးသူ၏ ဖခင်ဝမ်းကွဲတော်စပ်သူ Erfanul Haque က ရုပ်အလောင်းအား  ကူတို့ပလောင် MSF ဆေးရုံတွင် ထားရှိထားကြောင်း Dhaka Tribune သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

မော်တာကျည်များကျရောက်မှုကြောင့်မြန်မာ မူဆလင်ဒုက္ခသည် ၃ ဦးတွင်လည်း  ိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောကြောင်း သတင်းတွင် ဖော်ပြသည်။

ကျည်ဆံများ လူနေအိမ်ဘေးရှိတောအုပ်အတွင်းသို့ ကျရောက်ခဲ့ပြီး ဒေသခံများအကြား  ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ယင်းအပြင် နှစ်နိုင်ငံနယ်စပ် နယ်စပ်မှတ်တိုင် ၃၅အနီးတွင်လည်း ယနေ့ ညနေ ၃ နာရီခန့်တွင် မိုင်းပေါက် ကွဲမှုတခု ဖြစ်ပွားခဲ့သည့်အတွက်ဘင်္ဂလာဒေ့ချ်နိုင်ငံသား အသက် ၂၂ နှစ်အရွယ် ဒိုင်းနက်အမျိုးသား တစ်ဦးဖြစ် သူ အထွန်းယဉ်ဆိုသူမှာလည်းဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ကြောင်း ပြော်ထင်းအာလော သတင်းတွင်ရေးသားထားသည်။

(Photo by  Dhaka Tribune)

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.