၅၁ ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်တွင် ရခိုင်ကိုယ်စားပြုကျောင်းသားတစ်ဦး အထူးဆုရရှိ
ရေးသူ:
Web Master
| ရက်စွဲ:
၁၇ စက်တင်ဘာ ၂၀၂၂
| ကြည့်ရှုသူ:
7.1k
နိရဥ္စရာ၊ စက်တင်ဘာ
၁၇/၂၀၂၂
( ၅၁ ) ကြိမ်မြောက်
နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်တွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ကျောင်းသားသည်
အထူးဆု (၁)ဆု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်ကိုယ်စား အထူးဆုရရှိခဲ့သောကျောင်းသားမှာ
ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်ဟိန်းနှင့် ဒေါ်သင်္ဂီကျော်တို့၏သား
မောင်ဘုန်းမော်ရွှေ ဖြစ်ပြီး ကျောက်တော်မြို့ရှိ Noble ကိုယ်ပိုင်
အထက်တန်းကျောင်းတွင် Grade - 7 တက်ရောက်နေသူဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ
ပြိုင်ပွဲဝင်ကျောင်းသူ၊ ကျောင်းသား ၄၁ ဦး၏ ပေးစာကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က
သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွင်ဖြေဆိုခဲ့ရပြီး မြို့နယ်မှတစ်ဆင့်
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပေးပို့ယှဉ်ပြိုင်ခဲ့ရပြီးနောက်
စက်တင်ဘာလ ၁၂ ရက်တွင် ဆုရ ကျောင်းသူ ကျောင်းသားများကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ
၄၁ ဦးအနက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ WISDOM HILL ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade
- 7 ကျောင်းသား
မောင်မိုးထက်အောင်က ပထမဆု၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ အ. ထ. က (၅)ကျောင်းမှ Grade
– 8 ကျောင်းသူ
မသက်မှူးခင်က ဒုတိယဆု၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၁)မှ Grade -
7 ကျောင်းသူ
မခင်ခင်ဦးသာက တတိယဆုတို့ကို ရရှိခဲ့ကြသည်။
အထူးဆုများအဖြစ် ရခိုင်ပြည်နယ်
ကျောက်တော်မြို့ Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ
Grade - 7 ကျောင်းသား
မောင်ဘုန်းမော်ရွှေနှင့် ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုအ.ထ.က(၃)ကျောင်းမှ
Grade 6(B) ကျောင်းသူ
မပွင့်ဝေဖူးတို့က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
Noble ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးသန်းစိုးရွှေက
"ဒီလိုထူးချွန်တဲ့ ကလေးတွေ ထွက်ပေါ်လာတော့
အဓိကတော ဝမ်းသာပါတယ်။
ကျွန်တော့်တို့လိုဆရာတွေ အနေနဲ့လည်း တစ်ဘက်မှာပိုပြီးတာဝန်ကြီးလာသလို ဒီကလေးအတွက်ပံ့ပို့ဖြည့်ဆည်းပေးဖို့ အများကြီး တာဝန်ရှိပါတယ်။ တခြားလူငယ်တွေအနေနဲ့လည်း ဒီနေရာ၊ ဒီဒေသကနေပြီးတော့
ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ ပြည်မဘက်ကမှလို့မဟုတ်ပါဘူး။ ကြိုးစားဖို့အခွင့်အရေးတွေရှိနေတာကို
သိနိုင်ပါတယ်" ဟု နိရဥ္စရာကိုပြောသည်။
ထိုပြိုင်ပွဲကို ၂၀၂၂ ကမ္ဘာ့စာပို့တိုက်သမဂ္ဂက
" Write a letter to an influential person about why
and how to take action on climate change " ဟူသော ခေါင်းစဉ်အောက်တွင် ပြိုင်ပွဲဝင်ကျောင်းသား
ကျောင်းသူများက အင်္ဂလိပ်စာဘာသာဖြင့်
ပေးစာပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ( NN
-13)