Preview

ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့်စစ်မဖြစ်လို၊ သို့သော်မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် ပစ်ခတ်မှုများမရပ်စဲပါကကုလသမဂ္ဂသို့တိုင်ကြားမည်ဟုဆို

စက်တင်ဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :9204
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၂

ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့် စစ်မဖြစ်လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသောပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း၊  သို့သော်မြန်မာအစိုးရအနေဖြင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် ပစ်ခတ်မှုများမရပ်စဲပါက ကုလသမဂ္ဂ (UN) သို့တိုင်ကြားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်  ပြည်ထဲရေးဝန်ကြီး AsaduzzamanKhan Kamal ကပြောသည်ဟု Dhaka  Tribune သတင်းတွင် ဖော်ပြသည်။

ယနေ့ စနေနေ့ ဒက္ကားမြို့ ဒါမောင်ဒီတွင် ပြုလုပ်သည့် Dhaka AhsaniaMission အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးကထိုသို့ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်က နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့်မြန်မာနိုင်ငံကို ထပ်ခါတလဲလဲ သတိပေးထားပေမယ့် သတိပေးချက်တွေကို ဂရုမစိုက်ပါဘူးဟု၎င်းက ဆက်လက်ပြောသည်။

နောက်ပိုင်းတွင်ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကိုသတိပေးရန် ၎င်း၏ အခန်းကဏ္ဍကိုဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကအာမခံပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲ့  ပဋိပက္ခဟာ၎င်းတိုရဲ့ နယ်နိမိတ်အတွင်းမှာဘဲ ရှိနေသင့်တယ်။နောက်တစ်ကြိမ် မြန်မာနိုင်ငံအနေနဲ့ ဒီလုပ်ရပ်တွေ အပေါ်မှာ သတိထားဖို့မျှော်လင့်ပါတယ်ဟု ၎င်းက မှတ်ချက်ပြုသည်။

၎င်းပြင် င်္ဂလားဒေ့ရှ် နိုင်ငံထဲကို မြန်မာဘက် မူဆလင်ဒုက္ခသည်တွေထပ်မဝင်ဖို့ကိုလည်း နယ်ခြားစောင့်တပ်များ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း ပြောဆိုသည်။

ယမန်နေ့ ောကြာနေ့က ဘင်ဒရိုဘင် ြို့  ခေါင်းတုံတွင်  မြန်မာဘက်က ဖြတ်ကျော်ပစ်လိုက်သည့် မော်တာကျည်ဆန်များ ကျရောက်ပေါက်ကွဲမှုကြောင် အနည်းဆုံးတစ်ဦးသေဆုံးပြီး မြန်မာနိုင်ငံက မူဆလင် ဒုက္ခသည်ကလေးငယ်အပါအဝင် အခြားလူခြောက်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

 ထိုနေ့အစောပိုင်းကတောင်ရှိပြို  Headmanpara နယ်စပ်တလျှောက်မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရရှိသူမှာ အသက် (၂၂) နှစ်အရွယ် အထွန်းဝင်းဒိုင်းနက်လူငယ်တစ်ဦးဖြစ်သည်။ပေါက်ကွဲမှုကြောင့်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့၇သည်။

ဖြစ်စဉ်မှာမြန်မာနယ်နိမိတ် မှတ်တိုင် အမှတ် ၃၅ အနီး၌ သောကြာနေ့ ညနေ ၃ နာရီ ၁၅မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ၃ ရက်တွင် မြန်မာ၇ဟတ်ယာဉ်များသည် နတ်ကျောက်ဆရီမြို့နယ်ဘင်္ဂလားဒေ့ရှ် လေပိုင်နက် ကိုက် ၃၀၀ မှ ၄၀၀ အတွင်းအကြိမ်ပေါင်းများစွာ ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

စစ်လေယာဉ်များနှင့်၇ဟတ်ယာဉ်များမှ ကျည်များနှင့် သေနတ်သံများ ပစ်ခတ်ခဲ့ကြောင်း ေသခံပြည်သူများအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီးကို ဒက္ကားမြို့တွက် သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ထားပြီးဖြစ်သည်။

 

Minister:Bangladesh does not want war with Myanmar

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.