နိရဉ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၂
တောင်ကုတ်ချောင်းထဲတွင် ယမန်နေ့က စစ်ကောင်စီတပ်သားများတင်လာသည့် ဇက်ရေယာဉ်တစ်စီးကို အေအေက ပစ်ခတ်ခဲ့ပြီးနောက်တောင်ကုတ်ချောင်းအတွင်း သွားလာနေသည့် ရေယာဉ်များ၊ စက်လှေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကယနေ့ စက်တင်ဘာ(၁ရ) ရက်နံနက် (၁၁ )နာရီခန့်မှစတင် စစ်ဆေးနေကြောင်းသတင်းရရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်
''ဒီနေ့နေ့လယ် ၁၁နာရီလောက်ကတောင်ကုတ်ချောင်းမှာ သွားနေတဲ့ လှေတွေက စစ်တပ်က စစ်နေပါတယ်။ နာမည်တွေ၊နေရပ်လိပ်စာတွေ မေးတယ်။ပြီးတော့ လှေတွေပေါ်မှာလည်း ရှာကြတယ်''' ဟု နိရဉ္စ ရာသို့ပြောသည်။
စစ်ကောင်စီကငါးဖမ်းလှေများကို စစ်ဆေးနေပြီး ညနေပိုင်းတွင်ကျေးရွာများသို့ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်နေကြောင်းအမည်မဖော်လိုသည့်တောက်ကုတ်ဒေသခံ
''မနေ့ကသူတို့ ဇက်အပစ်ခံ၇ပြီး တောင်ကုတ်ဝက်ကျိတ်အုပ်စုက ရွာသစ်ရွာကို ဝင်ပြီး ဧည့်စာရင်း စစ်တယ်။ အေအေကလူတစ်ယောက်ကိုလာဖမ်းကြတာလို့လည်းပြောကြတယ်။ တခြားရွာတွေကိုလည်း ဝင်မွှေတာရှိတယ်''ဟု အဆိုပါဒေသခံကပြောသည်။
တောင်ကုတ်မြို့နယ်တွင်တိုက်ပွဲ
'' တိုက်ပွဲဖြစ်လာမှာတော့စိုးရိမ်ပါတယ်။ နှစ်ဖက်စစ်ရေးအ၇ မဖြစ်မနေဖြစ်လာကြရင်လည်းပြည်သူတွေကို မြေဇာပင်လို့ မမြင်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်''ဟု ၄င်းကပြောသည်။
တောင်ကုတ်မြို့နယ်တွင်သြဂုတ်လ (၂၅) ရက်နေ့က စစ်ကောင်စီနှင့် အေအေတို့ကြား တို