နိရဥ္စရာ၊ စက်တင်ဘာ၁၇ / ၂၀၂၂
ရခိုင့်ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးတွင် ညမထွက်၇အမိန့်ကို ည ၈ နာ၇ီမှ စတင် တိုးမြှင့်ထုတ်ပြန်ပြီး လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက်သည်ဟုသတင်းရရှိသည်။
ညမထွက်၇ ပုဒ်မ ၁၄၄ အမိန့်ကို ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးထုတ်ပြန်ပြီး ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုမြို့ခံများက ပြောသည်။
မြောက်ဦးမြို့ခံတစ်ဦးက“ ည ၈ နာရီဆိုတာက လူတွေ သွားလာတဲ့ အချိန်။ ကျနော်တို့ ညတွင်း သွားရတဲ့လူနာတွေ အခက်အခဲဖြစ်မယ်။ဆေးရုံဘက်ကိုလည်း မကျန်းမာသူတွေသွားမယ်ဆိုရင်လည်း ဗြုန်းစားကြီးဘယ်သူသွားရဲတော့မလဲ။ ၈ နာရီဆိုတာက အချိန်က မလောက်ဘူး”ဟု ပြောသည်။
ယခင် ၂၀၁၈ ခုမှ ၂၀၂၀အထိ ရက္ခိုင့်တပ်တော်(AA)နှင့်စစ်တပ်တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်အတွင်းည ၉ နာရီမှ နံနက် ၅ နာရီအတွင်းညမထွက်၇အမိန့်ကို ပုံမှန်ထုတ်ပြန်လျက်ရှိသော်လည်းယခုအခါ ည ၉ နာရီအစား ည ၈ နာရီမှစတင်ကာ တစ်နာရီထပ်တိုးထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။
ယခုကဲ့သို့ထုတ်ပြန်လိုက်သည့်အတွက်ဒေသတွင်း လက်လုပ်လက်စားများနှင့် ဒေသခံပြည်သူများ အခက်အခဲများဖြစ်လာနိုင်သည်ဟုလည်းဒေသခံများက ပြောကြသည်။
၇ခိုင်တွင် ယခင်က AAနှင့်စစ်တပ်တို့တိုက်ပွဲများပြင်းထန်ခဲ့သည့်မြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိညမထွက်ရအမိန့်ကိုထုတ်ပြန်ထားခဲ့သော်လည်း ယခုအခါ အဆိုပါမြို့နယ်များအတွင်းတကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာနေသည့်အတွက် ညမထွက်၇အမိန့်ကိုလည်းစစ်ကောင်စီက ည ၈ နာရီမှ နံနက် ၅ နာရီအထိ တစ်နာရီထပ်တိုးထုတ်ပြန်လျက်ရှိသည်ဟုဒေသခံများက ပြောသည်။