Preview

ရခိုင်နိုင်ငံရေးသမားဦးဖေသန်းကို စစ်ကောင်စီကပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခြင်းသည် ရခိုင်ပြည်တွင် စစ်တပ်ကကျူးလွန်မှုများကို မဖော်ပြစေချင်၍ ပါးစပ်ပိတ်ရန်ကြိုးပမ်းခြင်းဟုဆို

စက်တင်ဘာ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :7179
ရခိုင် သတင်း

နိရဉ္စရာ စက်တင်ဘာ ၁၈/၂၀၂၂

 

ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည့် ဦးဖေသန်းကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခြင်းသည် ၇ခိုင်ပြည်တွင် စစ်ကောင်စီက ကျူးလွန်နေသည့် ကိစ္စရပ်များကို မပြောနိုင်အောင် ပါးစပ်ပိတ်ရန် ကြိုးပမ်းခြင်းဟု ကာယကံရှင်ကပြောဆိုသည်။

 

ဦးဖေသန်းက "ကျနော့်ဘ၀မှာ အသက် ၂၀ လောက်ကနေ စနိုင်ငံရေးလုပ်လာတယ်။ လက်နက်ကိုင် တော်လှန်ရေးလည်း လုပ်ဖူးတယ်။ ပါတီနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးလည်းလုပ်ဖူးတယ်။ အသက် ၆၀ ကျော်မှာ နှစ်ပေါင်း ၄၀ ကျော်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် နိုင်ငံရေးသမားတစ်ယောက်ရဲ့ ပါးစပ်ကို ပိတ်ချင်လို့ မပြောရဲအောင် အခုလိုအမှုဖွင့်တာဖြစ်တယ်။ နိုင်ငံရေးသမားလို့ ကိုယ့်ကိုကိုယ် ခံယူထားသူက ဒီနေ့ဖြစ်ပျက်နေတဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်၇ခိုင်ပြည်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ မပြောနဲ့လို့  ကျနော့်ပါးစပ်ကို ပိတ်ထားလို့တော့ ၇မှာမဟုတ်ဘူး။ လက်ဖက်ရည်ဆိုင်မှာပြောတာနဲ့ မီဒီယာမှာ ပြောတာပဲကွာမယ်"ဟု ပြောသည်။

 

ဦးဖေသန်းအား  DMG သတင်းဌာန၏ ဆောင်းပါးတစ်ခုဖြစ်သည့် "အခု ရှုံးထွက်တိုက်ပွဲဖြစ်တယ်၊ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ပြတ်ပြတ်သားသားတိုက်ပွဲ" နှင့်ပက်သတ်ပြီး အင်တာဗျူး ဖြေဆိုမှုကြောင့် စစ်ကောင်စီက စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်အကြည်အညိုပျက် စေမှုပုဒ်မ ၅၀၅(က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆() တိုဖြင့် မြေပုံမြို့ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိ၇သည်။

 

"အဆက်အသွယ်တွေရဲ့ သတင်းပေးပို့ချက်အ၇ မနေ့က ၁၇ ရက်နေ့မှာ မြေပုံမြို့ ရဲစခန်းက ကျနော့ကို DMG မှာ ပြောထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ အထက်ကညွှန်ကြားချက်အ၇ ပုဒ်မ ၅၀၅(က) ၆၆() ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ဖို့စီစဉ်နေတယ်လို့ ကြား၇ပါတယ်"ဟု ပြောသည်။

 

ဦးဖေသန်းသည် ရခိုင်နိုင်ငံရေး၊ စစ်ရေးအခြေအနေများအပေါ် သတင်းဌာန၊မီဒီယာများတွင် ၎င်း၏အမြင်သဘောထားများကို အစဉ်တစိုက်ပြောဆိုဖြေကြားနေသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ယခုကဲ့သို့အမှုဖွင့် တရားစွဲမှုအပေါ်  အရေးစိုက်စရာမရှိသလို စိုးရိမ်စရာလည်းမရှိကြောင်း ၎င်းက ပြောဆိုသည်။

 

"သူတို့မကြိုက်တဲ့စကားလုံးပါရင် သူတို့စွဲမယ်။ ဒါကအဆန်းမဟုတ်ဘူး။ သူတို့ကြိုက်အောင်လည်း မပြောနိုင်ဘူး။ ကျနော်တို့က ၇ခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့အမှန်ကိုပဲ ပြောမယ်။ သူတို့ကြိုက်အောင် မထိခိုက်အောင်တော့ မပြောနိုင်ပါ။ ဒီလိုပြောတာကို မကြိုက်လို့တရားစွဲတာကိုလည်း ကျနော့အနေနဲ့ မစိုးရိမ်ပါဘူး။ အခု ကျနော်က ကိုယ့်နေရပ်မှာမရှိဘူး။ ခရီးသွားနေပါတယ်။ ဒီလိုစွဲတဲ့အတွက်လည်း ကျနော်ကရင်ဆိုင်ဖို့အသင့်ပါ"ဟု ပြောသည်။

 

ဦးဖေသန်းကို အမူဖွင့်ထားမှုနှင့်ပတ်သက်ပြီး  မြေပုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများကို ဖုန်းဆက်ရာ တစ်စုံတစ်ရာ ပြန်ဖြေကြားခြင်း မရှိသေးပါ။

 

ဦးဖေသန်းသည် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သလို ၇ခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် (ANP)ပါတီမှ ၂၀၂၁ ခုနှစ် ဇွန်လတွင် နှုတ်ထွက်ခဲ့သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.