စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်၀မြို့နယ်တွင်အေအေတပ်ဖွဲ့ဝင်များရှိနေရာကို စကစမှ ဂျက်တိုက်လေယာဉ် ၃ စီး၊ ရဟတ်ယာဉ် ၂စီးဖြင့် မိနစ် (၃၀)ကြာ ဗုံး၊ ရော့ကတ်တို့ဖြင့် (၁၁) ကြိမ်တိုင်တိုင်ပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ စက်တင်ဘာ ၁၈/ ၂၀၂၂

စစ်ကောင်စီသည် ပလက်၀မြို့နယ်အတွင်းရှိ အေအေတပ်ဖွဲ့ဝင်များရှိနေရာကို ဂျက်တိုက် လေယာဉ် ၃စီး၊ ရဟတ်ယာဉ် ၂စီးဖြင့်  ဗုံး၊ ရော့ကတ်နှင့် (၁၁) ကြိမ်တိုင်တိုင် မိနစ် (၃၀)ကြာ တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်သတင်းနှင့်ပြန်ကြားရေးက ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းနေရာသည် နှမဒါရွာ၏တောင်ဘက် () ကီလိုမီတာအကွာအဝေးတွင် တည်ရှိပြီး ယနေ့  စက်တင်ဘာလ (၁၈) ရက်၊ နေ့လယ် () နာရီ (၄၈) မိနစ်မှစ၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် () စီးမှ ဗုံး၊ ရော့ကတ် (၁၁) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ကြောင်း၊  ထို့နောက် စစ်ရဟတ်ယာဉ် () စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းပြင် စစ်ကောင်စီသည် မီးဝဗျူဟာနှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူများမှလည်း အဆိုပါနေရာသို့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ သို့အတွက် AA ဖက်ကလည်း မီးဝဗျူဟာအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

ရန်သူ စစ်ကောင်စီ သည် အဆိုပါနေရာအား ယနေ့ကဲ့သို့သော လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူများနှင့် အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို () ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် ပြောင်မြောက်သောသတ္တိ၊ ကြံ့ခိုင်သောတိုက်ပွဲစိတ်ဓာတ်၊ အမိန့်နာခံမှု၊ အတက်အဆုတ်ကောင်းကောင်းဖြင့် ရန်သူ့ထိုးစစ်ကို ဆက်လက်ကြံ့ကြံ့ခံ တိုက်ပွဲဝင်လျက်ရှိနေကြောင်း၊  အမိန့်နာခံမှုကောင်းကောင်းဖြင့် သတ္တိပြောင်မြောင်စွာ တိုက်ပွဲနေကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြု မှတ်တမ်း တင်အပ်ပါကြောင်းဖြင့်လည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ