နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂
ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိနေသည့်၇ခိုင်ပြည်နယ်မြောက်ပိုင်းကမူဆလင်ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးအတွက်ဘင်္ဂလားဒေ့ရှ်အပါအဝင်ကုလသမဂ္ဂနှင့်နိုင်ငံတကာတို့မှရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA)ကိုအသိအမှတ်ပြုပြီးပူးပေါင်းဆောင်ရွက်လျှင်နေရပ်ပြန်ရေးကိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ
'' ULA/AA က ဒီပြဿနာကို ဖြေရှင်းပေးရဖို့ဆိုရင် ဖြစ်သင့်တာက နံပါတ်တစ်အနေနဲ့ နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ့် အစိုး၇က ULA/AAကို ဒီပြဿနာဖြေရှင်းတဲ့နေရာမှာ Main Stakeholder(အဓိကသက်ဆိုင်တဲ့အဖွဲ့အစည်းအဖြစ်) အနေနဲ့
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ၇ခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင် (၇) သိန်းကျော်ခန့်သည် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြ၇သည်။ ၎င်းတို့နေရပ်ပြန်ရေးမှာနိုင်ငံတကာက ULA/AA အစိုး၇ကို တရားဝင်အသိအမှတ် ပြုလာသည့်အချိန်တွင် လုပ်ဆောင်နိုင်မည်ဟု ၎င်းကပြောဆိုသည်။
အဆိုပါဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာက ULA/AAအစိုး၇ကိုအသိအမှတ်ပြုပြီး အဓိကနေရာကနေ ဖြေရှင်းခိုင်းလျှင် မူဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးကို လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။
၎င်းပြင် ဦးခိုင်သုခက “နေရပ်စွန့်ခွာသူတွေအရေးဟာ ၇ခိုင်ပြည်အနှံ့၊ ဗမာပြည်နှံ့ဖြစ်နေပါတယ်။ ဒီအထဲမှာ ၂၀၁ရခု နှစ်က မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးကြောင့် မောင်တောမြောက်ပိုင်း ကနေပြီး ဘင်္ဂလားဒေ့ရှ်သို့အစုလိုက်အပြုံလိုက်ထွက်ပြေးသွားတဲ့မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိုသူတို့နဲ့ထပ်တူ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့်ULA/AAလို တော်လှန်ရေး အစိုးရတရပ်အနေနဲ့ဒီလောက်ကြီးမားတဲ့ ပြဿနာကို လက်ရှိအနေအထားအ၇ ကိုင်တွယ် ဖြေရှင်းဖို့က ပြောသလောက်မလွယ်ကူပါဘူး။ ယူကရိန်းလိုနိုင်ငံတကာက ထောက်ခံပေးထားတဲ့ နိုင်ငံတွေတောင်ဒုက္ခသည်ပြဿနာကို မဖြေရှင်းနိုင်ကြသေးပါဘူး” ဟု ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ့်အစိုး၇ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာကလည်း ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိနေသည့်မြန်မာပြည်က မူဆလင်ဒုက္ခသည်များအရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကျပ်အတည်း ဖြစ်နေသည်ဟု စက်တင်ဘာလဆန်းပိုင်းကပြောဆိုထားပြီး နိုင်ငံတကာက ကူညီဖြေရှင်း ပေးကြရန်လည်း တိုက်တွန်း တောင်း
(Photo by Reuters)