Preview

ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ခံထားရသည့် မြောက်ဦးမြို့မှ ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေ (ခ)ကိုဖိုးလပြည့်ကို ယနေ့ စတင်ရုံးထုတ်

စက်တင်ဘာ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :7078
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂

၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ခံထားရသည့် ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေ (ခ)ကိုဖိုးလပြည့်ကို ယနေ့စတင်ရုံးထုတ်ခဲ့သည်ဟုသိ၇သည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမေးမြန်းခဲ့ပြီး မိသားစုများနှင့်လည်း တွေ့ခွင်ရခဲ့သည်ဟု သူ၏ဇနီးဖြစ်သူ မအိကေခိုင်က နိရဥ္စရာကိုပြောသည်။

"ကျွန်မ အမျိုးသားနဲ့ ဒီနေ့ရုံးထုတ်တဲ့နေ့မှာတွေ့ခွင့်ရပါတယ်။ စကားလည်း ပြောခဲ့ရပါတယ်။ ကျန်းကျန်းမာမာ မြင်ခဲ့ရတော့ ဝမ်းသာနေပါတယ်။ နှိပ်စက်မေးမြန်းတာတွေမရှိပါဘူးလို့ ပြောပါတယ်" ဟုပြောသည်။
သူ့ကို လာမည့် စက်တင်ဘာလ ၂၇ ရက်တွင် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်း သိ၇သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုမျှဝေရင်း လူသိများလာနေသည့် သူ့ကို စစ်သားနှင့်ရဲအင်အား ၂၀ ခန့်က စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ သူ၏နေအိမ်မှ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ရဲလက်ကို မအပ်ဘဲ မြောက်ဦးအခြေစိုက်တပ်ရင်း (၃ရရ)တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

ယင်းနောက် သူ့ကို နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက်ဟုဆိုကာ ဖမ်းဆီး၇ခြင်းဖြစ်သည်ဟု စစ်ကောင်စီက စက်တင်ဘာ ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။
သူ့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသည်ဟုလည်း သူ၏နီးစပ်သူများက ပြောသည်။ (NN-13)
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.